"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော် komyobloggerခရီးသွားအတွေးစာစု ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးနေတဲ့ စာလေးတွေက
ဘယ်သူ့ကိုမှ ရည်ရွယ်ရေးသားခြင်း စောင်းမြှောင်းရေးသားခြင်း မနာလို၍ ရေးသားခြင်းများ
ဖျက်ဆီးလို၍ရေးသားခြင်းများ မဟုတ်ပါဘူး ဘာမှကိုမသိသေးတဲ့လူတွေ အတွက် အသိတရားလေး
တွေ စိတ်ဓာတ်ခွန်အားလေးတွေ အတွေးအခေါ်လေးတွေ ရင့်ကျတ်ပြီး လောကကြီးထဲမှာ ပျော်ရွှင်
ပြည့်စုံစွာ လျှောက်လှမ်းစေချင်တဲ့ စေတနာ နဲ့ကိုယ်သိသလောက်တက်သလောက် တွေးမိတာလေး
တွေကို ဘေကုန်ခံပြီး စေတနာအပြည့်နဲ့ သိစေချင်တဲ့ဆန္ဒနဲ့ရေးခဲ့တာပါ စိတ်ဝင်စားမှု့မရှိရင်လည်း
အပစ်မမြင်ပဲ ကျော်သွားပေးပါ ဆရာတရောက်လည်း မဟုတ်ပါဘူး ရှာဖွေလေ့လာရင်း စာဖတ်ပြီး
တွေးမိစဉ်းစားမိတာလေးတွေကို ဝေမျှတာပါ ဘာမှမသိသေးသူတွေကလည်း တကယ်ကို ဘာကိုမှ
မသိကြတာ တွေ့ရတယ် ဥပမာပြရရင်တော့ အခုလိုတရှိန်ထိုး တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ
သူများစားရင်စားချင်တယ် သူများဝယ်ရင် ဝယ်ချင်တယ် သူများသုံးသလိုသုံးချင်တယ် သူများလုပ်တာ
အကုန်လိုက်လုပ်ချင်ကြသူတွေ ကလည်းအများကြီးပါပဲ သူ့အဆင့်နဲ့သူတော့ရှိတာပေါ့ ကိုယ်ရဲ့
ပတ်ဝန်းကျင်အနီးအနားတဝိုက်မှာပဲ ကြည့်ပြီးပြောင်လည်းချင်ကြတယ် လက်တွေ့မှာလည်း
ပြောင်းလည်းနေကြပါတယ် ကိုယ့်အိမ်မှာ ဘာမှမရှိ ကိုယ့်ကိုကိုယ် ဘာမှမသိပေမဲ့ စိတ်အလိုလိုက်ပြီး
လုပ်နေချင်ကြတာက သူဌေးစိတ်ကလေးတွေနဲ့ ကိုယ့်အိမ်မှာတော့ အိမ်ကလူတွေနဲ့တိုးတက်ရာတိုးတက်
ကြောင်းကြီးပွားရာကြီးပွားကြောင်း လုပ်သင့်တာလုပ်ဖို့အကြောင်း လေးတွေကို မိသားစုချင်းဆွေးနွေး
တိုင်ပင်ဖို့ကြဝန်လေးနေကြတယ် မိသားစုညီအကို မောင်နှမချင်းကို မာနတွေထားနေကြတယ်
ကိုယ့်သဘောနဲ့ကို လုပ်နေချင်ကြတယ် အပြင်မှာထွက်ကြတဲ့အခါ ကိုယ့်ရဲ့မပြည့်စုံတဲ့လက်ရှိဘဝကို
မေ့ပြီး အစစအရာရာပြည့်စုံနေတဲ့သူကြီးလိုလို ဘာလိုလိုညာလိုလိုဖြစ်နေကြတာ ပျော်လို့ပြုံးလို့မြူးလို့
အချိန်တန်လို့ အိမ်ပြန်ရောက်တဲ့အခါကြ အိမ်ကလူတွေကို တစိမ်းတွေလို ခပ်တည်တည်နဲ့နေကြတာ
တကယ်တော့ အသိဥာဏ်အတွေးအခေါ်ရင့်ကြတ်မှု့မရှိကြလို့ပဲထင်ပါတယ် ဘာကြောင့်လည်းဆိုတော့
ကျောင်းနေမဲ့အရွယ်လေးတွေ ကတည်းကပိုက်ဆံရတဲ့အလုပ်ကို လူကြီးမိဘတွေက ခိုင်းနေခဲ့တော့လည်း
ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါကြတော့ သူတို့အသိနဲ့သူတို့ ဆုံးဖြတ်ကုန်ကြတယ် မှားလားမှန်လား
ဆိုတာလည်း ကွဲကွဲပြားပြားမသိကြတော့ဘူးလေ ဒီလိုအဖြစ်အပျက်လေးတွေက ဟိုတုန်းကတည်းက
ရှိသလို အခုခေတ်မှာလည်း ရှိနေကြတာပါပဲ တကယ်တော့ကျောင်းနေရမှလိမ်မာယဉ်ကျေးတာမဟုတ်
ပါဘူး ကျောင်းမနေရလည်း အသိတရားနဲ့ အတွေးအခေါ်လေးတွေရှိအောင် အဆုံးအမလေးတွေပေးနိုင်
မယ်ဆိုရင် လူတော်လူကောင်းတယောက်ဖြစ်နိုင်ပါတယ် အတက်နိုင်ဆုံး ကိုယ်နဲ့လက်လှမ်းမှီတဲ့
စာလေးတွေဖတ်ပြီး ဗဟုသုတရှာကြမယ်ဆိုရင် တနေ့နေ့တချိန်ချိန်မှာ အဆင့်တန်းမှီစွာနဲ့ နေထိုင်ဖို့
အခွင့်အလမ်းတွေရလာနိုင်ပါတယ် ကိုယ်သိလာတာရှိရင်လည်း သူများသိအောင် ဝေငှပြီး
အတူလက်တွဲပြီး ကူညီဖေးမကြမယ်ဆိုရင် လူတိုင်းလူတိုင်း အဆင့်တန်းမြင့်မြင့် နေထိုင်ရနိုင်မယ်
ထင်ပါတယ် အရေးကြီးဆုံးကတော့ မပြည့်စုံတဲ့ကိုယ့်ဘဝလေးကို မမေ့ကြပဲ ကိုယ်ကိုကိုယ်အထင်ကြီး
နေကြတဲ့စိတ် ဘဝင်မြင့်နေသလိုဖြစ်နေတဲ့ စိတ်လေးတွေရှိနေရင် လျော့ချနိုင်အောင်
ကြိုးစားရင်း လောကကြီးကို အလှဆင်နိုင်ကြပါစေ
komyobloggerခရီးသွားအတွေးစာစု
ကောင်တာလေးတွေဆက်ဖတ်ချင်ရင်

No comments:
Post a Comment