"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
လူတွေကကိုယ့်ကိုကိုယ်တော့ အထင်ကြီးနေကြတာပါပဲ ပီးတော့မနာလိုစိတ်ကလည်းအပြည့်
ရှိနေကြတယ် မာနလည်းရှိကြတယ် တကယ်တော့ထားသင့်တဲ့မာနလား မထားသင့်တဲ့မာနလားဆိုတာ
မခွဲခြားကြဘူး ထားသင့်တဲ့မာနကတော့ ရှိကိုရှိသင့်ပါတယ် ဘယ်သူ့ဘယ်သူကိုမှ အပစ်ပြောစရာတော့
မလိုပါဘူး လူတိုင်းကအမှားနဲ့ကင်းသူရယ်လို့မှမရှိတာ နည်းနည်းလေးမှာတာနဲ့အများကြီးမှားတာပဲကွာတာ
တချို့ကြလည်းဥာဏ်မရှိလို့မှားတယ် တချို့ကြလည်းသိသိကြီးနဲ့မှားကြတယ် ဒါပေမဲ့ သိသိကြီးနဲ့မှားတဲ့သူ
ကလည်းသူ့ကိုယ်သူ အမှန်လို့ ထင်နေခဲ့ကြတယ်ပီးတော့ POWER ကြောင့်ရယ်ပေါ့ တချို့ကြတော့လည်း
ကြွားချင်စိတ် တွေ ရှက်စိတ်တွေကြောင့်ရယ်လည်း မှားခဲ့ကြတယ် လူတိုင်းကတော့ ဒီအမှားတွေကို အမှန်
လို့ပဲမြင်နေကြတာကိုး အဲဒီအမှားတွေပြင်နိုင်ဖို့ရာကလည်း အရှက်တရားရှိရမယ် ကိုယ်လုပ်တာမှားနေ
တယ်ဆိုတာသိပြီးပြုပြင်နိုင်ရမယ် ဒါကလည်း ကျနော့်အမြင်ပြောတာပါ လူတွေရဲ့ အသိဥာဏ်ဗဟုသုတ
ကလည်းမရှိတော့ အမှားတွေက ဆက်ပြီးမှားနေကြတာလို့ထင်ပါတယ် မိတ်ဆွေတို့ မှု့ခင်းဂျာနယ်
တွေဖတ်ကြည့်ရင် လူတွေရဲ့လောဘရက်မက်တွေ သောကတွေကြောင့် ခံစားချက်တွေပေါက်ကွဲပြီး
အမှားတွေဖြစ်နေကြတာမို့လား မှုခင်းစာစောင်တွေထဲမှာတော့ ဘယ်နေရာဘယ်ဟာခိုးလို့ ဖမ်းမိပြန်ပီ
ဘယ်နေရာမှာ ဘာလုပ်လို့ ဖမ်းသွားပြန်ပီ စသဖြင့်စသဖြင့် အများကြီးတွေ့နေမြင်နေရတယ် ဒါပေမဲ့
ဒီလိုတွေဖြစ်နေတာ အကြောင်းအမျိုးမျိုးးကြောင့် အဖမ်းခံနေကြရတာတွေကို လူတိုင်းသိမယ်မထင်ဘူး
ဘာဖြစ်လို့လည်းဆိုတော့ စာစောင်ထဲမှာတွေ့ရတဲ့အဖြစ်အပျက်တွေရဲ့ Date တွေက နေ့စဉ်လိုလို
ပါနေတာမို့လား တခါတလေ တရက်ထဲမှာကို အမှု့တွေက အများကြီးတက်လာတာ ဒေသမျိုးစုံ နေရာ
မျိုးစုံကပေါ့ တကယ်တော့ ဒါတွေကြည့်ပြီး အမှန်တရားတွေ နောင်တ တရားတွေ ရသင့်ကြပီမို့လား
ခုတော့ မှားပီးရင်းဆက်မှား နေကြသလို ပိုပိုပြီးဆိုလာတယ်ထင်ရတယ် ခုပဲကြည့်လေ မကြားဘူးတဲ့
သတင်းတွေ ဘာတဲ့ သက်ငယ်မဒိမ်းမှု့တဲ့ အရွယ်မရောက်သေးတဲ့ ခလေးပေါက်စလေးတွေတောင်
မရှောင်နိုင်လောက်အောင် ဖြစ်တဲ့အဖြစ်တွေ တိုးပွားလာပြီ အဲတော့ ဖမ်းတဲ့သူတွေကလည်းဖမ်း
လုပ်တဲ့သူတွေကလည်းလုပ်နေကြတာဆိုတော့ အရှက်တရားနဲ့ ကြောက်စိတ်တွေမှ မရှိကြတာ
အဲလိုသတင်းမျိုးစုံတွေ ကြားရတော့ မိဘပြည်သူတွေ စိတ်မအေးနိုင်ပဲ စိုးရိမ်စိတ်တွေနဲ့ နေနေကြရပီ
စိတ်မချမ်းသာစရာတွေပေါ့ဗျာ အသိပညာဗဟုသုတမရှိ အတွေးအခေါ်မရှိသူတွေကလည်း
အများကြီးရှိနေကြတုန်းပါပဲ အသက်ငယ်သူတွေရော အသက်ကြီးသူတွေပါ အသိဥာဏ်ဗဟုသုတ
အတွေးအခေါ်ဗဟုသုတ တွေ အရမ်းကို ခေါင်းပါးနေကြတာ တွေ့နေရတုန်းပါပဲ ဘယ်သူမပြုမိမိမှု့ပါပဲ
စာပေနဲ့မဝေးကွာကြတဲ့ သူတွေကတော့ လိမ်မာယဉ်ကျေးပြီး ချမ်းချမ်းသာသာ နေနိုင်ကြပီ
စာပေနဲ့ ဝေးကွနေသူများကြတော့လည်း ပြသနာမျိုးစုံ ဒုက္ခအဖုံဖုံ တွေ့ကြုံနေကြရတာတွေလည်း
တွေ့မြင်ကြားသိနေရတယ် ဒါကြောင့် စာဖတ်တဲ့အကျင့်လေးရရှိအောင် ကြိုးစားကြပြီး အသိပညာ
ဗဟုသုတမျိုးစုံ အတွေးအခေါ်ဗဟုသုတမျိုးစုံ အတက်ပညာဗဟုသုတမျိုးစုံ တိုကို လွယ်ကူစွာ
ရှာဖွေနိုင်ကြပြီး ရိုးသားကြိုးစားတဲ့ လူလိမ်မာများဖြစ်နိုင်ကြပါစေ ဒါကလည်း
ခရီးသွားအတွေးစာစုရဲ့ စိတ်ကူးအတွေးလေးတွေမို့ တိုက်ဆိုင်မှု့ရှိခဲ့ရင် အတွေးအမှားများဖြစ်ခဲ့ရင်
တောင်းပန်ပါတယ်
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment