"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော်ခရီးသွားအတွေးစာစုလို့ အမည်တက်ပြီးရေးခဲ့တာတွေက တဘက်သားကို
အထင်သေးလို့ နှိမ်ချခြင်း အတင်းပြောခြင်းမဟုတ်ပါဘူး ကျနော်လေ့လာရှာဖွေရင်း တွေ့ကြုံ
နေရတာတွေကို ရေးတာပါ ကျနော်လည်းလေ့လာနေဆဲ လူတယောက်ပါ သိလွန်းတက်လွန်းလို့
ပြောနေတာမဟုတ်ပါဘူး စာဖတ်အားနည်းနေကြလို့သာ အသိပညာဗဟုသုတတွေနည်းနေကြတာပါ
အခုအချိန်မှာ နည်းပညာမျိုးစုံ အသိပညာမျိုးစုံလွယ်လွယ်ကူကူလေ့လာလိုရနေပါပြီ ဟိုတချိန်တုန်းကလို
စာအုပ်ဆိုင်မှာ သွားစရာမလိုတော့ပါဘူး ဖုန်လေးတလုံးနဲ့အိမ်ထဲမှာပဲဖြစ်ဖြစ် ရောက်တဲ့နေရာကနေ
လေ့လာရှာဖွေလို့ရပါတယ် ဒါလည်းလူတိုင်းမသိကြပါဘူး ကျနော်ပြောတာတွေကလည်း ဘာမှမသိသေး
ကြသူတွေအတွက် ပြောတာပါ ရှာဖွေလေ့လာလို့ရတာမပြောနဲ့ ဖုန်းလေးကိုင်ပြီးဘာမှမလုပ်တက်သူ
တွေကလည်း အများကြီးပါ တချို့ကြတော့လည်းဖုန်းပြောမယ် ဂိမ်းဆော့မယ် ဗွီဒီယိုကြည့်မယ် ဒီလောက်ပဲ
သိကြတာ အဲတော့ ဘာကြောင့်လည်းလို့ တွေးမိပါတယ် အဖြေကတော့ လေ့လာမှုနဲ့စာဖတ်အားနည်း
နေကြတာတွေ့ရတယ် လူဘဝအရွယ်ရောက်လာခဲ့ပေမဲ့ ပညာကို ကောင်းကောင်းမသင်ခဲ့ကြတဲ့သူ
ရှိသလို ဘယ်အတန်းမှမတက်ခဲ့ကြသူတွေလည်း အများကြီးတွေရတယ် ဒါပေမဲ့ စားဖို့ရာအတွက်တော့
အလုပ်လုပ်နေကြရပြီ အသိပညာကလည်းနည်း အတက်ပညာကလည်း မရှိတော့ ပင်ပန်းဆင်ရဲစွာနဲ့
ပညာသင်ရမဲ့အရွယ်တွေမှာ လုပ်ငန်းခွင်ထဲ ဝင်နေကြရတယ် ဒါကြောင့် ကိုယ်တိုင်လေ့လာလိုချင်တဲ့
စိတ်လေးနဲ့ ပညာရှိသူ အသိဥဏ်ရှိသူတွေကို ပေါင်းသင်းပြီးကြိုးစားမယ်ဆိုရင် တချိန်မဟုတ်တချိန်တော့
တိုးတက်ပြောင်းလည်း လာနိုင်ပါတယ် ကိုယ်ကဘာမှမသိမတက်တာကို ဟန်ဆောင်ပြီးအသိကြီး
အတက်ကြီးလုပ်ပြီး မာနတက်နေရင်တော့ ကိုယ်ဒေါသနဲ့ကိုယ်ပေါ့ဗျာ အဓိက ကတော့ စာဖတ်ဖို့
အချိန်လေး နဲနဲလောက်ပေးရင်ကို ပြောင်းလည်းမှုတခုတော့ဖြစ်လာနိုင်မှာပါ ကျနော်ဟိုတုန်းက
ရေးခဲ့သလိုပါပဲ လူတိုင်းလူတိုင်းမှာ အသိပညာအတက်ပညာ ဗဟုသုတပြည့်စုံကြမယ်ဆိုရင် ကျနော်တို့
တိုင်းပြည်ကြီးမှာ လူလိမ်လူညာ နိမ့်ကျသူတွေ မရှိတော့ပဲ အစစအရာရာတိုးတက်ဖွင့်ဖြိုးပြီး အေးချမ်းစွာ
နေနိုင်ကြမယ်ထင်ပါတယ် ထပ်ပြီးပြေချင်ပါတယ် ကိုယ့်ဘဝကိုသနားရင် စာဖတ်ဖို့ အချိန်လေးပေးကြပါ
ပြီးတော့ စာပေဟောပြောပွဲမှာ ပြောတာတွေကိုနားထောင်ကြည့်ပါ စာပေဟောပြောပွဲမှာ ဆရာကြီးတွေ
ပြောသမျှ လူတိုင်းနားထောင်လို့ရပါတယ် တကယ်တန်ဖိုးရှိတဲ့ အကြောင်းအရာတွေပါ လေ့လာကြည့်
ကြပါ စာပေကိုချစ်မြတ်နိုးကြပါ ယူတက်ရင်တော့ စာတကြောင်းဟာ ဘဝပြောင်းနိုင်ပါတယ်
ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းကနေ စပြီးလေ့လာစေချင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ အခုခေတ်
နည်းပညာ ဗဟုသုတမျိုးစုံက အရမ်းတိုးတက်ပြောင်းလည်းဖြစ်ပေါ်နေတာဆိုတော့ ကိုယ်ကနားမလည်
နိုင်တဲ့ အကြောင်းအရာတွေ လေ့လာနေရင် လည်းအချိန်ကုန်ပြီးအကျိုးမရှိမှာစိုးလို့ပါ
komyobloggerခရီးသွားအတွေးစာစု
komyo2017blogger.blogspot.com

No comments:
Post a Comment