"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ဖုန်းလေးတွေကိုင်ပြီး အင်တာနက်ကိုအကျိုးရှိရှိအသုံးပြုစေချင်တဲ့စေတနာနဲ့ အွန်လိုင်းပေါ်
မှာငွေရှာနည်းလေးတွေကို ကျနော်သိသလောက် နားလည်သလောက်လေးတွေကိုဝေငှဖို့ ကုန်ကြမ်း
စုဆောင်းနေဆဲ ရှာဖွေနေဆဲပါ အွန်လိုင်းပေါ်မှာ ငွေရှာဖွေနေကြတဲ့ ယောင်္ကျားလေး မိန်းကလေးတွေ
အများကြီးရှိပါတယ် အများကြီးလို့သာပြောရတာ တကယ်တော့ ဘာမှကိုမသိသေးသူတွေကလည်း
အများကြီးပါပဲ တချို့ဆိုရင် အင်တာနက်လေးဖွင့်ပြီးyoutube ပေါ်မှာ ကိုယ်မမြင်ဖူးတာလေးတွေ ကြည့်
ကြတယ် ပထမတော့အဆင်ပြေလို့ပေါ့ နောက်ပိုင်း ဘေတွေဝါးလွန်းလို့ youtube ဘက်ကိုမလှည့်ရဲကြ
တဲ့သူတွေလည်း အများကြီးပါ YOUTUBE ကိုအကျိုးရှိအောင် အသုံးပြုကြသူတွေလည်း အများကြီးပါပဲ
ကိုယ်တိုင်ရောနားလည်စွာအသုံးပြုတက်သူ ဖြစ်နေပြီလား နာမလည်သေးသူဖြစ်နေလား ဆိုတာတော့
စဉ်းစားကြည့်ပေါ့ဗျာ နားလည်သူတွေအတွက်ကတော့ ဘာမှမလိုပေမဲ့ နားမလည်သူတွေအတွက်တော့
ပြု ပြင်ဖို့တွေအများကြီးလိုမယ်ထင်ပါတယ် ဒါကလည်း လိုင်းပေါ်ကို ရည်ရွယ်ချက်မဲ့လမ်းလျှောက်နေကြတဲ့
သူတွေအတွက် လေ့လာစရာ တွေက အွန်လိုင်းပေါ်ကနေကြိုဆိုနေလျှက်ပါ ကိုယ်တိုင်ကလေ့လာလိုစိတ်
သင်ယူချင်စိတ်လေးတွေရှိဖို့ပဲလိုပါတယ် ဘာဘဲလိုလို အင်တာနက်အွန်လိုင်းပေါ်ရှာ လို့ပြောလို့ရမယ်ထင်
ပါတယ် ဆရာကြီးလုပ်ပြီးပြောနေတာ မဟုတ်ပါဘူး ကျနော်လေ့လာရှာဖွေရင်း အကျိုးရှိနိုင်တဲ့ အကြောင်း
အရာတွေတွေ့ရလို့ပါ ကျနော်လည်း အစစအရာရာ အကုန်သိသူနားလည်သူမဟုတ်ပါဘူး ဒီလိုပဲ
စာဖတ်ရင်း လေ့လာနေသူတယောက်ပါ ဒါကြောင့်ဘာမှမသိသေးတဲ့သူတွေ အတွက်သိစေချင်နားလည်
စေချင်တဲစေတနာနဲ့ပါ ကျနော်လည်း ခရီးသွားအတွေးစာစု ဆိုသလို လေ့လာရင်းတွေ့ရှိတဲ့အတွေးလေး
ဝေငှတာပါ ခရီးသွားအတွေးစာစုကို ဖတ်ပြီး ဒီထက်မကတွေးတောကြံဆ နည်းလမ်းများရှာဖွေတွေ့
ရှိကြပါစေ ကျနော်လည်း အွန်းလိုင်းငွေရှာနည်းလေးတွေလုပ်နေတာကြာပါပြီ ဒါပေမဲ့ ငွေမထုတ်ကြည့်
ရသေးတဲ့အတွက် မရေးသေးတာပါ တချို့ဆရာသမားတွေကတော့ လက်တွေ့ထုတ်ထားတာလေးတွေ
တွေ့ရတယ် အချိန်တော့ပေးရတယ် စိတ်ရှည်ဖို့လည်းလိုတယ် တနေ့ကို မိနစ် 30လောက်အချိန်ပေးပြီး
လုပ်နိုင်ရင်တော့ အဆင်ပြေနိုင်ပါတယ် လောဘကြီးလို့တော့မရဘူးဗျ ဥပမာ PTC ဆိုဒ်တွေ အများကြီး
လုပ်တာကိုပြောတာပါ ကိုယ်နိုင်သလောက် ဘေလည်းအများကြီးမကုန် အချိန်လည်းအများကြီးမကုန်
အောင်ပေါ့ဗျာဒါကလည်း တဖြည်းဖြည်း နားလည်လာနိုင်ပါတယ်
ကြိုးစားရှာဖွေကြပါလို့ ပြောချင်ပါတယ်
အားပေးတဲ့မိတ်ဆွေများ ကျေးဇူးကမ္ဘာပါ
komyo2017blogger

No comments:
Post a Comment