ုkomyo ခရီးသွားအတွေးစာစု

Monday, 12 December 2016

အ​တွေးအ​ခေါ်ဆိုတဲ့---အား​လေးနဲ့

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ

             အွန်​လိုင်း​ပေါ်မှာ ဘာ​တွေရှိတယ်​ဆိုတာ သိသူ​တွေရှိသလို ဘာမှမသိ​သေးသူ​တွေက ပိုပြီး

အများကြီးရှိမယ်​ထင်​ပါတယ်​ သိလိုခုမှစပြီး ​လေ့လာ​နေကြသူ​တွေရှိသလို သိ​ပေမဲ့ကိုယ့်​ကိုကိုယ်

အားမာန်​​လျော့ပြီး ဘာမှမ​လေ့လာပဲ အချိန်​ဖြုန်း​ဘေဖြန်း ​နေကြသူ​တွေကလည်း အများကြီးပါ

တကယ်​​တော့ ပညာဆိုတာ ကုန်​ဆုံးသွားတယ်​မရှိပါဘူး အသက်​ငယ်​​သေးလို့ အသက်​ကြီးသွားလို့


အတန်းပညာမရှိလို့ ဆိုတာ​တွေနဲ့ ကိုယ့်​ဘဝကို အရှုံး​ပေးလိုက်​လို့ မဖြစ်​သင့်​ဘူးလို့ထင်​ပါတယ်

ဘာပဲဖြစ်​ဖြစ်​ ​​လေ့လာလိုချင်​စိတ်​နဲ့ရှာ​ဖွေပြီး ကြိုးစားအားထုတ်​ဖို့​တော့ လိုတာ​ပေါ့ တချို့တ​လေကြ 

ဘာမှမသိနားမလည်​​သေး​ပေမဲ့ အလုပ်​ကသင်​သွားတာ​တွေရှိ​နေတက်​ပါတယ်​  အ​တွေးအ​ခေါ် ဆိုတဲ့

အား​လေးစိုက်​မယ်​ဆိုရင်​ ဘယ်​သူမဆို ​လေ့လာဆီးပူးလို့ရပါတယ်​ ​ဥပမာ ​ဒေါက်​တာကြီး ဆရာဝန်​ကြီး

တွေဖြစ်​​နေကြတာ ငယ်​ငယ်​​လေးကတည်းက ဖြစ်​ခဲ့တာမှမဟုတ်​ပဲ ထို့အတူ နည်းပညာဆရာကြီး​တွေ

နည်းပညာဆရာ​လေး​တွေ ကလည်း  သူ့အလိုလို တက်​သွားကြတာမှ မဟုတ်​ပဲ ကိုယ့်​ရဲ့အားစိုက်​မှု့နဲ့

အ​တွေးအ​ခေါ်​လေး​တွေ ရှိရင်​ ဘာမဆိုဖြစ်​နိုင်​မယ်​လို့ထင်​ပါတယ်​ လူ​တွေ​တော်​​တော်​များများ​ပြောကြ

တဲ့စကားတခွန်းလို့ ​ပြောရမှာ​ပေါ့​နော ဘာလည်းဆို​တော့"  ဒီလူအလကားပါကွာ အ​တွေးအ​ခေါ်ကိုမရှိဘူး"

"ဦး​နှောက်​ကို မရှိ ဘူး ဥာဏ်​ကိုမရှိဘူး "လူညံ့လူဖျင်းပါကွာ စသဖြင့်​ ​ပြောကြတာ​တွေအများကြီးရှိပါတယ်

အထင်​​သေးလို့ ​ပြောသူရှိသလို စိတ်​တိုလို့​ပြောကြသူ မနာလိုလို့ ​ပြောကြသူ​တွေလည်း အများကြီးပါပဲ

ကျ​နော်​တခု​တွေးမိတယ်​ တကယ်​​တော့ လူတိုင်းက ကိုယ့်​စိတ်​ကူး ကိုယ့်​အ​တွေး ကိုယ်​ရည်​ရွယ်​ချက်​နဲ့

ကိုယ်လုပ်​တာမှန်​တယ်​ထင်​ကြတဲ့ သူ​တွေကြီးပါပဲ စကားကပ်​ဖဲ့ပြီး​ပြောရင်​​တော့ အများကြီး​ပေါ့ဗျာ

ကျ​နော်​ဆိုလိုချင်​တာက ဘာအရည်​အချင်းမှ ရှိရှိမရှိရှိ  လုပ်​ယူလို့ရတဲ့အရာ​တွေ ရှိ​နေကြတယ်​ဆိုတာ

နားလည်​ထားရင်​  ကိုယ်​သွား​နေတဲ့ပန်းတိုင်​ဟာ အချိန်​တိုအတွင်း ​ရောက်​သွားမယ်​လို့ ထင်​ပါတယ်

ဒါ​ကြောင့်​ စာဖတ်​မပျင်းပါနဲ့ များများဖတ်​ပါ များများ​တွေးပါ နည်းနည်း​ပြောပါ လို့ထပ်​ပြီး​ပြောပြချင်​ပါတယ်

အွန်​လိုင်​မှာ​ငွေရှာလို့ရတယ်​ဆို ​ပေမဲ့ အလွယ်​​လေးမဟုတ်​သလို အခက်​ကြီးလည်း မဟုတ်​ပါဘူး

ဘယ်​အရာမဆို အရင်​ဆုံးနားလည်​ဖို့ ဆိုရင်​ ​သေချာနားလည်​​အောင်​ဖတ်​မှတ်​နိုင်​မှသာ

အချိန်​ကုန်​​ဘေကုန်​ရကျိုးနပ်​မယ်​လို့ ထင်​ပါတယ်


               အရာရာအဆင်​​ပြေကြပါ​စေ


 ခရီးသွားအ​တွေးစာစု မှတ်​တမ်းပြုတာကို  အမှားများရှိခဲ့ရင်​နားလည်း​ပေးပါလို့::::::::


            blogger ခရီးသွားအ​တွေးစာစု


     






No comments:

Post a Comment