ုkomyo ခရီးသွားအတွေးစာစု

Saturday, 24 December 2016

ဘေ နဲ့အချိန်​ ကုန်​ရကြိုး-------------

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ


          ကျ​နော်​သိသ​လောက်​ facebook ဖွင့်​နည်း gmail  ဖွင့်​နည်း​လေး​တွေကို​ရေးခဲ့တာက

အခုမှစပြီး​လေ့လာသူနဲ့ဘာမှမသိ​သေးသူ​တွေအတွက်​ ​ရေးလိုက်​တာပါ ကိုယ်​တိုင်​လုပ်​ကြည့်

တော့ ဘယ်​လိုလည်းဆိုတာ သိတာ​ပေါ့ သိပြီးသားသူက​တော့ ​ကျော်​သွား​ပေးပါ

facebook ​လေးတခု​တော့ ကိုယ်​တိုင်​လုပ်​ဖူးတယ်​ရှိ​အောင်​လုပ်​ကြည့်​စေချင်​ပါတယ်

facebook အ​ကောင့်​တခု ကို သူများလုပ်​ခိုင်းသူရှိသလို ပိုက်​ဆံ​ပေးဝယ်​သုံးကြသူ


တွေလည်းရှိပါတယ်​ ကိုယ့်​အားကိုယ်​ကိုးပြီးလုပ်​ကြည့်​စမ်းပါ ဟိုအရင်​တုန်းကလို

မခက်​​တော့ပါဘူး ပြီး​တော့ facebook ဆိုတာက အရမ်းကိုလူသိများပြီး အကျိုးရှိ​အောင်

အသုံးချတက်​သူရှိသလို ဘာမှမသိပဲ အသုံးပြုသူ​တွေလည်းအများကြီးပါ ​facebook ရဲ့

လုပ်​​ဆောင်​ပုံ အသုံးပြုပုံ အဆင့်​ဆင့်​ကို မသိပဲသုံး​နေကြသူက ပိုပြီးများမယ်​ထင်​ပါတယ်

သိ​အောင်​သ​ဘော​ပေါက်​​အောင်​ ​လေ့လာသူကရှားပါတယ်​ သူများတင်​တဲ့ post ​လေး​တွေပဲ

ကြည့်​ပြီး​နေသူကလည်းအများကြီး ပါပဲ နည်းပညာသမားက နည်းပညာအ​ကြောင်း​တွေ

တင်​ကြတယ်​ အ​တွေးအ​ခေါ်စာ​ပေသမားကအ​တွေးအမြင်​​လေး​တွေ တင်​ကြတယ်​ ဟာသကြိုက်​သူက

ဟာသ​လေး​တွေတင်​ကြတယ်​ သတင်းသမားက သတင်း​တွေတင်​ကြတယ်​ ကုန်​ပစ္စည်း​ရောင်းချင်​သူက

ကြော်​ငြာတင်​ကြတယ်​ သူတို့ရဲ့လုပ်​​ဆောင်​ မှု့​တွေက သူတို့အတွက်​ တဖက်​တလမ်းက ဝင်​​ငွေရကြသလို

အများအတွက်​လည်း အကျိုးရှိ​စေတယ်​လို ထင်​တယ်​ ​နောက်​ပြီး ကိုယ့်​ကိုယ်​ကို လှတယ်​ထင်​ပြီး အမျိုးးမျိုး

ဓာတ်​ပုံ​တွေရိုက်​ပြီးတင်​ကြတယ်​ တချို့ ကြ​တော့ တိရိစ္ဆာန်​ပုံ​လေး​တွေ ပန်းပင်​​တွေ တင်​ကြတယ်

တချို့ကြ​တော့ မဟုတ်​တာ​တွေတင်​ကြတယ်​ တချို့ကြ​တော့လည်း သူများတင်​တာ share ပဲလုပ်​တယ်

ကိုယ်​လျှောက်​သွားတာကအစ ကိုစား​သောက်​​နေတာအဆုံးတင်​ကြတယ်​ သူတို့​တွေကြ ဘယ်​လို

အကျိုးးရှိနိုင်​မယ်​ထင်​လည်း ​ပျော်​ရွှင်​ဖိုသက်​သက်​ အချိန်​ဖြုန်းသလိုပဲလားမသိဘူး

လူ​တွေကို အပစ်​မြင်​တာမဟုတ်​ဘူး​နော်​ သိသူ​ဖော်​စားမသိသူ​ကြော်​သွား ဆိုတဲ့အတိုင်းပါပဲ

လူတိုင်းက​တော့ အယူအဆတမျိုးစီ ရှိ​နေကြတာပါပဲ ဒါ​ပေမဲ့ ဘယ်​သူ​တွေဘာလုပ်​လုပ်

ကိုယ်​ကိုတိုင်​က​ မဟုတ်​တာ​တွေမလုပ်​မိဖို့ အ​ရေးကြီးတာပါပဲ facebook ​ပေါ်ကလည်း

အသိပညာဗဟုသုတ အတက်​ပညာဗဟုသုတ ​တွေ အစုံရှိ​နေတာပါပဲ

ဒါ​ကြောင့်​ အချိန်​နဲ့​ငွေကို ဖြုန်းရကြိုးနပ်​​အောင်​​တော့ facebook ​ပေါ်က​နေ တခုခု​တော့

တက်​​အောင်​ သိ​အောင်​ နားလည်​​အောင်​ အကျိုးရှိတာ​လေး​တွေ ရ​အောင်​ယူ​စေချင်​ပါတယ်

 komyobloggerခရီးသွားအ​တွေးစာစု

     


No comments:

Post a Comment