"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ဘဝတခုမှာ အတွေ့အကြုံတွေ အများကြီးနဲ့လမ်းလျှောက်နေကြသူရှိသလို
ဘာမှမသိ အတွေ့အကြုံ ဘာမှမရှိပဲ ဘဝတခုကို စမ်းတဝါးဝါး လျှောက်လှမ်နေကြတဲ့
သူတွေလည်းအများကြီးပါပဲ အဓိက ကတော့ အတွေးအခေါ် အသိဥာဏ် ဗဟုသုတ
မရင့်ကြတ်ကြလို့သာ အခက်အခဲတွေ အဆင်မပြေမှု့တွေရှိပြီး မလုပ်သင့်မလုပ်ထိုက်
တာတွေလုပ်နေကြတာလို့ထင်ကြတယ် စဉ်းစားဆင်ခြင်တက်တဲ့ အတွေးအခေါ်
ဆိုတာ ကျောင်းနေမှ စာတက်မှ မဟုတ်ပါဘူး ငယ်စဉ်ကတည်းက အသိဥာဏ်
ဆိုတာရှိခဲ့ကြပါတယ် အသက်အရွယ်လေး ကြီးလာတော့ ဆုံးမသွင်သင်မှု့ပေါ့ဆ
ခဲ့တာရှိသလို မကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ အတုတွေယူမိတာလည်းရှိတယ် အပေါင်းအသင်း
မှားတာလည်းရှိကြမယ်ထင်ပါတယ် ငယ်စဉ်ကလေးဘဝလေးကို စဉ်းစားကြည့်ပေါ့ဗျာ
သူတို့လေးတွေရဲ့ အပြုအမှုအပြောအဆို အပြုံးလေးတွေက ချစ်စရာကောင်း လောက်အောင်
အပစ်ကင်းစင်ကြတယ်လို့ လူတိုင်းပြောတာကြားဖူးကြမှာပါ တကယ်လည်းအပစ်ကင်းပါတယ်
ကြီးမှမိုက်ပြီး မဟုတ်တာတွေ မကောင်းတဲ့အကျင့်ဆိုးတွေ လုပ်နေကြတဲ့သူတွေက မွေးကတည်းက
လုပ်တက်ကြတာမှမဟုတ်ပဲ အလုပ်အကိုင်မရှိ စီးပွားရေးကအဆင်မပြေ အလုပ်လုပ်စားဖို့
ပျင်းနေကြသူတွေပဲ အပင်ပန်းမခံချင်လို့ မကောင်းတဲ့အကျင့်ဆိုးတွေနောက် သိသိကြီးနဲ့
လိုက်ပြီးမိုက်နေကြတယ်ထင်ပါတယ် လူတွေဟာစိတ်ကိုအလိုလိုက်ပြီး မိုက်နေကြတာပါ
မဟုတ်တာလုပ်တဲ့သူတွေ မကောင်းကျင့်မကောင်းကြံတဲ့သူတွေဟာ မသိဘူးဆိုတာ
မရှိပါဘူး အလိုအတက်ပညာတွေကရော သင်လို့တက်တာမှမဟုတ်ပဲ ဒါဆိုရင်
ကောင်းတဲ့အကျင့်တွေ ကောင်းတဲ့အလုပ်တွေကျ ဘာလို့မလုပ်နိုင်ကြတာလည်း
အဖြေကရှင်းရှင်းလေးပါပဲ အလုပ်လုပ်မစားချင်တာရယ် ပျင်းကြတာရယ်ကြောင့်ပေါ့ဗျာ
လွယ်လွယ်ရလွယ်လွယ်သုံး ဘဝကို ဖြစ်သလိုနေကြပြီး ပျော်နေကြတာဟာ
တကယ်တော့ အသိဥာဏ်မရှိလို့ မဟုတ်ပါဘူး တယောက်ထဲတကောင်ကြွတ်နေပြီး
ဘာမှမလုပ်တက်မကိုင်တက်တာမှ မဟုတ်ပဲ ဒါဆိုရင် အချောင်ရတဲ့ အလုပ်ကိုကြ
ဘာဖြစ်လို့စဉ်းစားနိုင်တာလည်း ပြီးတော့ ကိုယ်ပိုင်မိသားစု ဘဝတွေကိုလည်း
ထူထောင်နိုင်ကြတယ် အသိဥာဏ်မရှိသူဟာဒါတွေကြ ဘာလို့သိတာလည်း အများကြီးကို
စဉ်းစားစရာပါပဲ နောက်ပြီး သနားအောင် ယုံကြည်အောင်ပြောပြီး ကလိမ်ကကျစ်လုပ်သွား
ကြသူတွေကလည်း ဘာဖြစ်လို့ အလိုအလုပ်တွေလုပ်တက်ကြတာလည်း ဒီလိုမကောင်းတဲ့
အကျင့်မကောင်းတဲ့အလုပ် လုပ်ဖို့ကြ ဘာလို့စဉ်းစားတက်တာလည်း
တကယ်တမ်းတော့ လူထဲကလူတွေပါပဲ ကိုယ်သမိုင်းကိုယ်ရေးနေကြတာပါပဲ
မကောင်းတာလုပ်နေကြသူတွေကို ဝေဖန်မနေပဲ ကိုယ်ဘဝလေးကိုပဲ ကောင်းအောင်
ပြုပြင်နေထိုင်သွားတာက ပိုပြီးအေးချမ်းသာယာနိုင်မှာပါ
ဒါကလည်း ခရီးသွားအတွေးစာစုရဲ့ အတွေးထဲကအတွေးလေးတွေပါ လုံးဝအမှန်ကြီးပါလို့လည်း
မပြောလိုပါဘူး လူတိုင်းမှာတော့ ကိုယ့်အယူအဆ ကိုယ့်အတွေးနဲ့ကိုယ် ရှိကြတာပေါ့ဗျာ
လူတယောက်ကို သုံးမကျဘူး အသိဥာဏ်မရှိဘူးလို့ပြောကြည့်ပါ့လား ဘယ်သူကကြိုက်မှာလည်း
ကိုယ်လည်းမကြိုက်သလို သူများလည်းကြိုက်မှာမဟုတ်ပါဘူး ဒါကြောင့် စာဖတ်ရင်း နားစွန့် ရင်း
ကိုယ့်ဘဝလေးကို အကောင်းဆုံးနေထိုင်သွားကြပါဆို့:::::::
komyoခရီးသွားအတွေးစာစု

No comments:
Post a Comment