"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပ
တခါတလေ လူတိုင်းရဲ့စိတ်တွေက ယုံကြည်မှုကို မထားနိုင်ကြအောင်ဖြစ်
ဖြစ်နေကြတယ် ဘယ်သူမဆိုယုံကြည်မှု့ရှိကြမှသာ ဘယ်အရာမဆို အဆင်ပြေအောင်
မြင်နိုင်ကြမယ်ထင်ပါတယ် ဒါပေမဲ့ လူတိုင်းမရနိုင်တဲ့အရာကလည်း ယုံကြည်မှု့ပါပဲ
အဲတော့ ယုံကြည်မှု့ကိုရအောင် ဘယ်လိုတည်ဆောက်ကြမလည်း
ယုံကြည်မှု့ကိုရအောင် တည်ဆောက်ဖို့က လွယ်ကူတယ်လို့ ဆိုနိုင်သလို ခက်ခဲတယ်လို့လည်း
ပြောလို့ရမယ်ထင်ပါတယ် ဘာလို့လွယ်ကူတယ်လို့ ပြောရတာလည်းဆိုရင် အဖြေက
ရှင်းရှင်းလေးပါပဲ ရိုးသားကြိုးစား သစ္စာရှိပြီး သိတက်တဲ့ လူတိုင်းကို ယုံကြည်ကြတာပါပဲ
ခက်ခဲတယ်ဆိုတာကတော့ ယုံကြည်မှု့မရသူက ရိုးသားကြိုးစား သစ္စာရှိပြီး သိတက်အောင်မှ
မလုပ်ဆောင်နိုင်ကြပဲ အမျိုးမျိုးလိမ်ညာ ဟန်ဆောင် ပြီး မဟုတ်တာတွေပဲ လုပ်နေကြတော့
ဘယ်သူတွေက ယုံကြည်ကြမှာလည်း ကျနော်တို့နိုင်ငံမှာ ရိုးသားကြိုးစားပြီးလုပ်ကိုင်စားသူနဲ့ မရိုးသားပဲ
ကလိမ်ကကျစ် လုပ်စားနေကြသူတွေယှဉ်လိုက်ရင် ဘယ်ဟာကပိုများမယ်ထင်လည်း
ရိုးသားမှု့မရှိပဲ မဟုတ်တာလုပ်စားနေသူတွေကပိုများမယ်ထင်ပါတယ် ဒါကြောင့်လည်း
နိုင်ငံရဲ့တိုးတက်မှု့တွေ လူတွေရဲ့တိုးတက်မှု့တွေ နောက်ဆုံး ကိုယ်အိမ်မိသားစုရဲ့
တိုးတက်မှု့တွေ ကအစ နှောင့်နှေးပြီး ဆင်းရဲသူက ဆက်ပြီးဆင်းရဲ နေကြရတာလို့ထင်ပါတယ်
ခေတ်မှီတိုးတက်သောနိုင်ငံတော်ကြီး ဆီသို့ဆိုပေမဲ့ လူတွေရဲ့စိတ်တွေ အကျင့်စာရိတ္တတွေ
မပြု ပြင်ကြနိုင်ကြရင်လည်း နည်းပညာတွေ စက်ယန္တရား တွေဘယ်လောက်ပဲ တိုးတက်
ပြောင်းလည်းနေပါစေ ခေတ္တမှီတိုးတက်တဲ့ နိုင်ငံတော်ကြီးတော့ ဖြစ်လာဖို့မလွယ်ဘူးထင်ပါတယ်
အဓိက ပြု ပြင်ပြောင်းလည်းပေးကြရမှာက စိတ်ဓာတ်ကောင်းတွေ အကျင့်စာရိတ္တ ကောင်းတွေ
ကို လူတိုင်းရှိကြဖို့ပါပဲ ပြီးတော့ လူတဦးတယောက်တိုင်းစီမှာလည်း စည်းကမ်းဆိုတာရှိနေကြရမှာပါ
အခုလက်တွေဖြတ်သန်းနေကြတဲ့ ဘဝကိုတွေးကြည့် အင်တာနက်ဆိုတဲ့ လေလှိုင်းကမ္ဘာကြီထဲမှာ
သူ့ငါမသိ ငါ့သူမသိပဲ massage စကားတွေ ဖုန်းတွေ နဲ့တိုက်ရိုက် လေလှိုင်းကပြောနေကြပေမဲ့
တဦးနဲ့တဦး ယုံကြည်မှု့ရှိကြတာမှ မဟုတ်ပဲ အဲဒါကဝေးနေပါသေးတယ် အခုနေထိုင်နေကြတဲ့
မြို့တွေ ရပ်ကွက်တွေ ရွာတွေ ကအိမ်နီးနားအချင်းချင်း တောင် ယုံကြည့်မှုအပြည့်ရှိကြတာမှမဟုတ်ပဲ
အဲလိုယုံကြည်မှုတွေ ဘာလို့မရှိကြ မထားနိုင်ကြတာလည်း တွေးမိတယ် ချစ်မိတ်ဆွေတို့ရော
လူတိုင်းကို ယုံကြည်လို့ရနိုင်မလား လူတိုင်းမပြောပါနဲ့အုံး ကိုယ့်အပေါ် မရိုးမသားနဲ့ကလိမ်ကကျစ်
လုပ်သွားတဲ့သူကို မယုံကြည်တာမဆန်းပေမဲ့ ကိုယ်အပေါ် မရိုးမသား ကလိမ်ကကျစ်နဲ့ တခါမ
မလုပ်သူ ကိုလည်း ဘာလို့ ယုံကြည်မှု့မထားနိုင်ကြတာလည်း မသိဘူး ပြီးတော့ တခါမှမမြင်ဖူးသူ
ကိုလည်း မယုံကြည်နိုင်ကြဘူး ဒီလိုမျိုးစိတ်ဓာတ်တွေ က လူတိုင်းမှာ ပုံသေနည်းတခုလိုရှိနေကြတယ်
ဒီလိုမျိုးစိတ်ဓာတ်တွေ က တဖြည်းဖြည်းနဲ့ ပိုဆိုးလာနေသလို ထင်မိပါတယ် ဒါကြောင့် ကိုယ့်ကိုကိုယ်ပဲ
စောင့်ရှောက်နေကြရတဲ့ ခေတ်ကြီးထဲမှာ မှန်ကန်တဲ့အတွေးအခေါ်အယူအဆလေးတွေ ရှိဖို့အတွက်
ဒီထက်မက လေ့လာကြပါလို့ ခရီးသွားအတွေးစာစုရဲ့ ရင်ထဲက အတွေးစိတ်ကူးလေးတွေ ရင်ဖွင့်လိုက်
တာ အတွေးအမှားအရေးအမှား လေးများရှိရင် နားလည်ပေးပါလို့ တောင်းဆိုပါတယ်
ပျော်ရွှင်မှု့တွေ နဲ့အတူ မှန်ကန်တဲ့ အတွေးအခေါ် အယူအဆတွေနဲ့
ဘဝတခုကို ဖန်တီးနိုင်ကြပါစေ

No comments:
Post a Comment