"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
လူရယ်လို့ဖြစ်လာရင် အတွေးအခေါ်အယူအဆနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်ဖို့က
အရေးအကြီးဆုံးပါပဲ ကျောင်းမနေရလို့ စာမတက်ဘူးဆိုတဲ့အတွေးတွေဝင် ပြီးတော့ကိုယ်ကိုကိုယ်
ယုံကြည့်မှုတွေနည်းတဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ အဆင်မပြေမှုတွေ လိုအပ်ချက်တွေရှိနေကြ
တာလို့ထင်ပါတယ် အခုခေတ်အခါနဲ့ပြောရရင် လူတိုင်းကို ယုံကြည်လို့မရတာလည်းမှန်ပါတယ်
ဘာဖြစ်လို့လည်းဆိုတော့ အကျယ်ချဲ့ပြီးပြောပြနေစရာ လိုမယ်မထင်ပါဘူး အဓိကအကြောင်းကတော့
လောဘစိတ်တွေကြောင့် လို့ပဲကျနော်မြင်ပါတယ် လောဘမရှိရဘူးလို့ မဆိုလိုပါဘူး လူတိုင်းမှာ
ရှိသင့်တဲ့လောဘ ရှိသင်တဲ့မာန တော့ရှိသင့်ပါတယ် ပုထုဇဉ်လူသားတွေပဲ ခက်တာက လူတွေကို
အသိဥာဏ်မရှိဘူးအတွေးအခေါ်မရှိဘူး လို့ဆိုရင်လည်း ဘယ်သူကြိုက်ကြမလည်း ကိုယ်မကြိုက်သလို
သူများလည်းကြိုက်မှာမဟုတ်ပါဘူး အလိုအသိဥာဏ်အတွေးအခေါ် ရှိဖို့မရှိဖို့က ကိုယ့်စိတ်နဲ့ပဲဆိုင်ပါတယ်
ကိုယ့်ရဲ့စိတ်ကို အသိလေးသတိလေးနဲ့ နေသွားမယ်ဆိုရင် အရာရာအဆင်ပြေနိုင်မယ်ထင်ပါတယ်
ဘာပဲလုပ်လုပ် သတိကလေးနဲ့ လုပ်မယ်ဆိုရင် အမှားအမှန်ဆိုတာ ခွဲခြားပြီးသားပါ
စာတက်မှ ပညာတက်မှမဟုတ်ပါဘူး အဓိက ကရိုးသားပွင့်လင်းမှု့ရှိဖို့နဲ့ ကိုယ်တာဝန်ကိုသိဖို့ပါပဲ
အခုလိုတိုးတက်ခေတ်မှီနေတဲ့အချိန်မှာ ကိုယ်ဘာလုပ့်သင့်လည်း ဘာလုပ်ရမလည်းဆိုတာ
သိဖို့အရမ်းအရေးကြီးပါတယ် ခေတ်ကြီးကသာ တိုးတက်ခေတ်မှီလာပြီး ကိုယ့်ဘဝလေးက
ဘာမှမပြောင်းလည်းသေးရင် ရှေ့ဆက်မဲ့ဘဝခရီးမှာ အများကြီး နောက်ကျကျန်ခဲ့မှာပါပဲ
တခုခုတော့ ပြောင်းလည်းနိုင်အောင် ပြောင်းလည်းသွားအောင် လေ့လာကြိုးစားဖို့ လိုပါတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ နည်းပညာပဲဖြစ်ဖြစ်အသိပညာပဲဖြစ်ဖြစ် စီးပွားရေးကြီးပွားရေးပဲဖြစ်ဖြစ်
တခုခုတော့ နားလည်ထားသင်ပြီမို့လား ဖုန်းလေးတလုံးရကတည်းက ကိုယ့်ဘဝအတွက်
ဘာတွေအကျိုးထူးခဲ့ပြီလည်း ဘာတွေသိခဲ့ ဘာတွေနားလည်ခဲ့ပါပြီလည်း အခုခေတ်ဖုန်းလေး
တလုံးက ဘာတွေလုပ်ဆောင်ပေးနိုင် သလည်းဆိုတာ တွေးမိပါရဲ့လား လူတော်တော်များများကတော
ဖုန်းပြောမယ် ဂိမ်းဆော့မယ် သီချင်းနားထောင်မယ်ကြည့်မယ် facebookသုံးမယ်ဆိုတာလောက်ပဲ
သိကြသေးတာပါ တကယ်ကို ဘာမှမသိသေးသူက အများကြီးရှိပါသေးတယ်
ကိုယ့်ဘဝတခုကို တိုးတက်ပြောင်းလည်းလာအောင် ဘာတွေလုပ်ဆောင်ပေးနိုင်တယ်ဆိုတာသိဖို့
အတွက် အများသိနေကြတဲ့ အင်တာနက်ဆိုတာကြီးပေါ်မှာ ရှာဖွေရမှာပါ အင်တာနက်မဖွင့်ပဲနဲ့တော့
ဘာမှသိရမှာမဟုတ်ပါဘူး ဒါကြောင့် ကိုယ်သိချင်တာတွေ google မှာရိုက်ရှာလိုက်ပါ အနီးစပ်ဆုံး
ရှာဖွေ ပေးနိုင်ပါတယ် ဥပမာ နာမည်လေးတလုံးရိုက်လိုက်ရင်တောင် တန်းပြီးကျလာမှာပါ
အင်္ဂလိပ်လိုရေးမှ မဟုတ်ပါဘူး မြန်မာလိုသိချင်တာရိုက်ရှာလည်း ရပါတယ် ဒါက ဘာမှမသိသေးသူ
တွေအတွက် ရည်ရွယ်တာပါ လေ့လာပါလုပ်ကြည့်ပါ တဖြည်းဖြည်းနားလည်လာမှာပါ
တခုတော့သတိပေးချင်ပါတယ် အကျိုးရှိတာရှာဖွေရင်အကျိုးရှိမှာ အကျိုးမရှိတာရှာရင်အကျိုးမရှိတာပဲ
ရမှာပါ ဒါကြောင့် အချိန်ကုန်ဘေကုန်ရကြိုးနပ်စေဖို့ ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားကြပါလို့
အချိန်နဲ့ငွေကို ဖြုန်းပစ်သလိုမဖြစ်ဖို့ ကြိုစားပြီးလေ့လာရှာဖွေကြပါလို့ပြောရင်း
ခရီးသွားအတွေးစာစုရဲ့ အတွေးလေးတွေကိုရင်ဖွင့်လိုက်တာပါ
လိုချင်တာယူ မလိုချင်တာ ထားခဲ့ပြီးနားလည်းပေးပါလို;;;;;;;;

No comments:
Post a Comment