"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
အွန်လိုင်းပေါ်မှာ ပိုက်ဆံရှာလို့ရတယ်ပြောရင် လူတိုင်းကတော့ယုံမယ်မထင်ကြပါဘူး
မယုံကြသူရှိသလို ယုံကြည်မှု့အဖြည့်နဲ့ပိုက်ဆံရှာ နေကြသူတွေလည်း ယောကျာင်္းလေးတွေအပြင်
မိန်းကလေးတွေလည်း တွေ့ရတယ် အဲတော့ ယုံဖို့မယုံဖို့ဆိုတာက ကိုယ်ကလေ့လာပြီးပြီလား
အွန်လိုင်းပိုက်ဆံ ရှာနည်း ကို ဘယ်လိုတွေလုပ်ရတာလည်း စသဖြင့် သိပြီလား လေ့လာပြီးပြီလား
နိုင်ငံခြားမှာဆိုရင် အချိန်ပိုင်းအလုပ်လို လုပ်နေကြတာတဲ့ အိမ်မှာနေရင်း အားတဲ့အချိန်လေးမှာ
လုပ်ရင်ကလေးကျောင်းစရိတ်ပါ ထောက်လို့ ရတယ်တဲ့ မြန်မာနိုင်ငံမှာတော့ အွန်းလိုင်းပိုက်ဆံ
ရှာနည်းကို အသုံးပြုကြသူ ကနည်းပါတယ် မြန်မာနိုင်ငံမှာရှိတဲ့သူတွေကလည်း နည်းပညာအရမ်း
အားနည်းနေကြတော့ အွန်လိုင်းပိုက်ဆံ ရှာဖို့မပြောနဲ့ ကိုယ်ကိုင်နေတဲ့ ဖုန်းလေးတလုံးကိုတောင်
ကျွမ်းကျင်ပိုင်နိုင်စွာ မသိမကိုင်တက်ကြသေးပါဘူး ဒါကြောင့် အချိန်တွေဘေတွေ အလကားဖြုန်း
နေမဲ့အစား လေ့လာကြည့်စေချင်ပါတယ် အွန်လိုင်းမှာပိုက်ဆံရှာနေသူ များကလည်း
နည်းပညာလေးတွေကို ဝေမျှနေကြတာ တွေ့ရပါတယ် ရှာဖွေပြီးလေ့လာကြည့်စေချင်ပါတယ်
သိပ်အခက်အခဲကြီး မဟုတ်ပေမဲ့ အလွယ်လေးလည်းမဟုတ်တာတော့ သိထားစေချင်ပါတယ်
ဒါကလည်း ကြိုးစားကြည့်မယ်ဆိုရင် ခဏပါပဲ လေ့လာစရာတွေကလည်း အများကြီးရှိပါတယ်
အရင်ဆုံး ကိုယ်ကိုင်နေတဲ့ဖုန်း လေးကိုကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတက်နှိပ်တက်အောင်
လေ့လာပြီးနည်းပညာများစွာကို အမြန်ဆုံးတက်မြောက်အောင်ကြိုးစာစေချင်ပါတယ်
အခုခေတ် လူတော်တော်များများကfacebook သုံးကြပေမဲ့အသုံးပြုနည်းစုံစုံလင်လင်
အသုံးမချတက်ကြသေးတာ တွေ့နေရလို့ပါ နားလည်ကြသူရှိသလို နားမလည်ကြသူတွေက
ပိုပြီးများနေပါသေးတယ် ခေတ်နဲ့အညီမလိုက်နိုင်သေးပေမဲ့ သူများလုပ်သလိုလိုက်လုပ်နိုင်အောင်
တော့ကြိုးစားကြည့်စေချင်ပါတယ် ကျနော်လည်း အွန်လိုင်းပိုက်ဆံရှာနည်းလေးတွေကို
လုပ်ကြည့်နေတာ ပါ ဒါပေမဲ့ ငွေထုတ်တဲ့အဆင့်ထိော့ မရောက်သေးပါဘူး ဒါကြောင့် အတိအကျ
မပြောပြပေးတာပါ ကိုယ်ကလေ့လာမကြည့်ပဲနဲ့တော့ သူများကိုလည်းအထင်သေးလို့မရပါဘူး
ဒါကြောင့် ဟုတ်မဟုတ်မှန်မမှန် ဆိုတာကတော့ လေ့လာကြည့်မှ သိနိုင်မယ်လို့ထင်ပါတယ်

No comments:
Post a Comment