"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ခရီးသွားအတွေးစာစုရဲ့အတွေးစာလေးတွေ ဖတ်လို့ အနှောက်အယှက်တွေ အဆင်မပြေမှု့တွေ
ဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ် ဘာရည်ရွယ်ချက်နဲ့မှမဟုတ်ပါဘူး မိတ်ဆွေတို့သိကြတဲ့အတိုင်း
ပေါ့ဗျာ လူတိုင်းက ဘယ်အရာမဆို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ နဲနဲလောက်ကလိရမှ
ကျေနပ်ပိတိဖြစ်ကြသလိုပေါ့ဗျာ အခုကျနော်လည်း ဆရာမရှိတော့စာထဲတွေ့တဲ့နည်းလေးတွေ
ဟိုလိုကလိလိုက် ဒီလိုကလိလိုက်နဲ့ လုပ်ကြည့်လိုက်တာပါ တကယ်တော့ ဘာမသိညာမသိပဲနဲ့
လင့်တွေ လိုလိုမလိုလို လျှောက်ထည့်ကြည့်မိတာ စာဖတ်သူတွေအတွက် အနှောက်အယှက်ဖြစ်
သွားတာ တောင်းပန်ပါတယ် လေ့လာရင်း စမ်းသပ်ပြီးလုပ်ကြည့်တာပါ ဒီလိုတွေလုပ်ကြည့်တာ
အကျိုးခံစားရသလားဆို ဘာမှမရသလို ကောင်းကောင်းလည်းနားမလည်သေးပါဘူး သိချင်တက်ချင်လိုသာ
ကလိကြည့်မိတာ စာဖတ်သူအတွက် အနှောက်အယှက်ပေးသလိုဖြစ်သွားတာ တကယ်မတွေးမိလိုက်မိ
တာပါ ကျနော့ရဲ့ နည်းစနစ်မကျမှု့ပေါ့ဗျာ သင်ဆရာရယ်လို့မှ မရှိတော့လည်း လုပ်သင့်လား မလုပ်သင့်ဘူး
လားဆိုတာ မစဉ်းစားလိုက်မိဘူး တကယ်တော့ ကျနော်လည်း မနှစ်သက်ပါဘူး နည်းပညာမျိုးစုံ
အတက်ပညာမျိုးစုံ အသိပညာမျိုးစုံ သိချင်လွန်းရင်း ဖြစ်သွားရတာပါ ဘယ်အရာမဆို တကယ့်လက်တွေ့
လုပ်ကြည့်မှ ကောင်းတယ်ဆိုးတယ် မှားတယ်မှန်တယ်ဆိုတာ လက်တွေ့သိရတာက ပိုပြီး ထိရောက်
မယ်ထင်ပါတယ် သူများ ပြောသမျှ ကိုယ်ဖတ်မှတ်ထား သမျှလေးတွေ မျက်စိမိတ်ယုံနေလို့လည်း
အမှန်ကို မသိနိုင်ဘူးမို့လား ကျနော်ကလည်း နဲနဲသိရတာနဲ့တင် လက်တွေ့ကလိချင်တဲ့စိတ်က
များနေတော့ စာဖတ်သူတို့ကို မလေးစား စော်ကားသလိုဖြစ်သွားခဲ့တာ တောင်းပန်ပါတယ်
အားပေးမှု့ မပေးမှု့ကတော့ စာဖတ်သူတွေ အကြိုက်တွေ့မှ အားပေးကြတဲ့အထဲမှာလည်း
ကျနော်အပါအဝင်ပါပဲ ကျနော့တင်တဲ့ postတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့
စာဖတ်သူအားလုံး အနူးညွှတ်တောင်းပန်ပါတယ် ကိုယ့်ကိုကိုယ် စိတ်မကောင်းလည်း
လည်းဖြစ်မိပါတယ် ပညာရှင်မဟုတ်တဲ့အတွက် ပညာသင်လေ့လာဆဲမို့ နားလည်ခွင့်လွှတ်
ပေးပါလို့ စာတ်ဖတ်သူ အားပေးခဲ့သူအားလုံးကို တောင်းပန်ပါတယ်::::::::::::
ခရီးသွားအတွေးစာစု
komyo2017blogger.blogspot.com

No comments:
Post a Comment