ုkomyo ခရီးသွားအတွေးစာစု

Tuesday, 7 March 2017

လူနေမှု့ ဘဝတွေ တိုးတက်ဖို့ -----------------------

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
        ကျနော်blog ပေါ်စာ ရေးနေပေမဲ့ သိပ်ပြီးနားမလည်သေးပါဘူး တက်လို့ သိလို့ လည်း
မဟုတ်ပါဘူး ကျနော့် blog post လေးတွေ အားပေးခဲ့ ကြတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်
အဆင်မပြေမှု့တွေ ဖြစ်ခဲ့ကြတဲ့အတွက်လည်း တောင်းပန်ပါတယ် ကျနော့်ရဲ့မစဉ်းစားမှု့ ကြောင့်ပေါ့
ကျနော်အတွက် ပညာတခု အသိတခုသင်ခန်းစာ အဖြစ် ရလိုက်တာပါပဲ ရှေ့ဆက်ပြီးလေ့လာကြိုးစား
သင်ယူရမယ်ဆိုတာ နားလည်ခဲ့ပါပြီ လူတွေရဲ့ အဖြစ်အပျက်အတွေ့အကြုံလေးတွေ အကြောင်း

စဉ်းစားမိသလောက် ရေးခဲ့တာပါ မည်သူကိုမှ ထိခိုက်စေချင်တဲ့ စိတ်နဲ့ ရေးခဲ့တာ မဟုတ်ပါဘူး
ကျနော်နားလည်သလောက် ရေးခဲ့ရတာပါ  နားလည်ပေးကြပါလို့ အခုခေတ် လူငယ်တော်တော်
များများ အကြောင်းလေးနည်းနည်း ပြောကြည့်မလို့ပါ  တခြားလူတွေအကြောင်း ပြောနေတာဟာ
အကြောင်းမဲ့မဟုတ်ပါဘူးလူ အများကို အသိဥာဏ်တွေဖွံ့ဖြိုးစေချင်တယ် ဖုန်းလေးတွေကိုင်ပြီး
ဘာမသိညာမညာမသိ လိုင်းတွေသုံးပြီး ပိုက်ဆံတွေ ကုန်နေကြတဲ့ သူတွေအတွက် အချိန်နဲ့ငွေကို
အခွင့်အရေးရတုန်း အကျိုးရှိရှိ အသုံး ချတက်စေချင်တဲ့ စိတ်တခုနဲ့ အတွေးတခုကို အရင်းပြု ပြီး
 ရေးခဲ့တာပါ လူတိုင်း မသိကြ နားမလည်ကြတာတော့ မဟုတ်ပါဘူး လေ့လာသူတွေလောက်သာ
နားလည်ကြတာပါ  လက်လှမ်းမှီသလောက် လေ့လာကြည်တော့လည်း တွေ့ရတာက
လေ့လာသူနဲ့ မလေ့လာသူ ကြည့်မယ်ဆိုရင် မလေ့လာသူ ကပိုများနေတယ်ထင်ပါတယ်
ဘာကြောင့်လည်းဆိုတော့ ဖုန်းတွေသာ ကိုင်နေကြတာ နားလည်လို့ ကိုင်သူက ရှားပါတယ်
တကယ်ပါ  လူတွေတော်တော်များများ ဖုန်းလေးကိုင်ပြီး အရေးကြီးကြီး မကြီးကြီး စကားပြောကြမယ်
အားတာနဲ့ facebook wechat line စသဖြင့် ဖွင့်ကြတယ် ကိုယ်လုပ်ချင်တာတွေ လုပ်ပြီး အဟုတ်ကြီး
မှတ်နေကြတယ်  ကိုယ့်သုံးနေတဲ့ facebook အကောင့်လေးကိုတောင်  ကိုယ်တိုင် မဖွင့်နိုင်ကြသေးတာ
လည်းတွေ့ရတာ အများကြီးပါပဲ နားလည်ဖို့ သိဖို့ ဆိုတာကလည်း ကိုယ်တိုင်ကိုယ်က လိုချင်တဲ့စိတ်
ကလေး ရှိမှ အဆင်ပြေမှာမို့ လား  လေ့လာသူတွေနည်းသလို စာဖတ်သူလည်း သိပ်မရှိကြသေးပါဘူး
ဒါကြောင့် ဘာပဲဖြစ်ဖြစ် စာပေတွေကို လေ့လာဖတ်စေ ချင်ပါတယ်
           စာဖတ်မပျင်းကြပါနဲ့ ကိုယ်သိတဲ့အကြောင်းအရာလေးတွေက ကိုယ့်အတွက် အကျိုးမရှိပေမဲ့
တခြားသူတွေအတွက်တော့ အသုံးဝင်နိုင်မှာပါ ဒါကြောင့် ကိုယ်သိသလောက်လေးတွေလည်း
အခြားမိတ်ဆွေလေးတွေ သိအောင် ဝေငှပြီး ပညာဒါနအဖြစ် ကုသိုယူလို့ရပါတယ် စေတနာ အပြည့်နဲ့
ဝေငှကြည့်ပါ တနေ့မဟုတ်တနေ့ အကျိုးကျေးဇူး ရလာမှာပါ ဖုန်းလေးတလုံးနဲ့ အင်တာနက်ကို
ကောင်းကောင်း အသုံးပြု့တက်ရင် ဘယ်အရာမဆို ဘာမဆို လေ့လာလို့ ရပါတယ်
အခုလို ကျတော်တို့  post တွေရေးတင်တယ်ဆိုပါတော့ ရေးတင်လိုက်တဲ့post ကို ဘယ်သူတွေကသိမှာလည်း လေ့လာသူ ရှာဖွေဖတ်သူတွေသာ တွေ့ရမှာမို့လား အဲတော့စဉ်းစားကြည့်
ရှာဖွေလေ့လာပြီးဖတ်သူဟာ အင်မတန်မှ နည်းမှာပါ ဒါကြောင့် ဘယ်သူရေးတဲ့စာပဲဖြစ်ဖြစ် ဘာစာပဲ
ဖြစ်ဖြစ် ကောင်းသောစာပေ နဲ့ ကောင်းသော ဗဟုသုတတွေ တွေ့ရင် ဝေငှ share ကြမယ်ဆိုရင်
မကောင်းဘူးလား  လူတိုင်းလူတိုင်းမှာ အသိဥာဏ်တွေ အတွေးအခေါ်တွေ ရှိကြမယ်ဆိုရင်
မကောင်းတဲ့အလုပ် မကောင်းတဲ့အကျင့်တွေ နည်းပြီး   လူနေမှု့ ဘဝတွေ  အမြန်ဆုံးတိုးတက်
လာနိုင်မယ်လို့ မျှော်လင့်ရင်း အကြံပြု့လိုက်ပါတယ်

  စာဖတ်သူအားလုံးကျန်းမာကြပါစေ

komyo ခရီးသွားအတွေးစာစု
     


No comments:

Post a Comment