ုkomyo ခရီးသွားအတွေးစာစု

Tuesday, 7 March 2017

ပြု့ ပြင်ကြဖို့  အချိန်တန်ပြီ------

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
      ခေတ်ကြီးကပဲပြောင်းလည်းနေတာလား လူတွေကပဲ ပြောင်းလဲနေကြတာလားမသိ
သတင်းတွေ facebook စာမျက်နှာပေါ်တွေမှာ တွေ့လိုက်ရရင် ပြသနာမျိုးစုံ့ ပြသနာမျိုးစုံတွေ
ပြီတော့  ဆောင်းအကုန် နွေဦးအစလေးမှာ လောင်လိုက်ကြတဲ့မီးတွေ တွေ့လိုက်ရတဲ့မြင်လိုက်ရတဲ့
မြင်ကွင်းတွေက လူတိုင်းစိတ်မချမ်းသာနိုင်ကြတဲ့ အဖြစ်တွေပါပဲ  ကားတွေကလည်းတမျိုး လူတွေ
ကလည်းတဖုံ ပြောလို့ မကုန် အဲတော့  ကိုယ့်စိတ်ဓာတ်တွေ အရင်ပြု ပြင်နိုင်ကြဖို့ 
အရေးကြီးမယ်ထင်ပါတယ်  ဘယ်သူ့ဘယ်သူကိုမှ ရည်ရွယ်တာမဟုတ်ပါဘူး ကျနော်ဆရာမိုးရှင်း I.M.T
ရေးထားတဲ့စာလေး တွေ့လိုက်တော့  အရမ်းအားတက်သွာတယ် လူအများကိုလည်း သိစေချင်တယ်
ရေးထားတာက  ဘဝရည်မှန်းချက်တွေ ချမှတ်တဲ့အခါ --
အကြောင်းအရာလေးတွေကို   S.M.A.R.T  ဆိုတဲ့စာလေးတွေနဲ့ရေးထားတာပါ
          S=Specific
        M =Measurable
        A=Attainable
        R=Relevant
       T=Time-Based/Time Frame  
ဒီ S.M.A.R.T ဆိုတဲ့စကားလုံးလေး ရင်းနှီးခဲ့တာ 2နှစ်3ခန့်ရှိပါပြီ.မိမိဘဝမှာရည်မှန်းချက်တွေချတိုင်းလည်း  S.M.A.R.T ဖြစ်ရဲ့လားအမြဲတမ်းချိန်ကြည့်
ခဲ့ပါတယ် လူဆိုတာ ဖြစ်ချင်တာတွေ အများကြီးရှိတက်တဲ့သတ်တဝါပါ ဒါတင်မကသေးဘူး
ဖြစ်ချင်တာတွေကလည်း ခဏခဏပြောင်းလည်းတက်ပါတယ်  အကပြိုင်ပွဲတွေကြည့်ရင်
အကသမားဖြစ်ချင်လာ အဆိုပြိုင်ပွဲတွေကြည့်ရင် အဆိုတော်ဖြစ်ချင်လာ  ဘောလုံးပွဲတွေကြည့်ပြီး
ဘောလုံးသမားကလည်း တခါတလေဖြစ်ချင်သေး  ဖြစ်ချင်တာတွေကလည်း စုံလို့   ဒါပေမဲ့
ဘဝကဖြစ်ချင်တာတွေ အားလုံးဖြစ်အောင်လုပ်ဖို့  အချိန်တွေ အများကြီးမရှိပါဘူး  မိမိရရှိတဲ့ဘဝ
အချိန်လေးအတွင်းမှာ ပါးပါးနပ်နပ် ရည်မှန်းချက်တွေကို  ရွေးချယ်တက်ဖို့ လိုပါတယ်
S.M.A.R.T  ဆိုတဲ့အတိုကောက်လေးက ဒီနေရာမှာ အသုံးဝင်လာပါတယ်“  လို့ ရေးထားတဲ့စာလေး
ကူးချလိုက်တာပါ  အကုန်မရေးတော့ ပါဘူး  ကျနော်လည်းအရမ်းကြိုက်သွားလို့  ခဏခဏ 
ဖတ်ဖြစ်တယ်  ဒါကြောင့်ဘာလုပ်သင့်လည်း ဘာလုပ်မှာလည်းဆိုတာ နားလည်ကြမယ်ထင်ပါတယ်
ဆရာမိုးရှင်း I.M.T ရဲ့စာလေးတွေ ကူးယူခဲ့တဲ့အတွက် နားလည်ပေးပါလို့  တောင်းဆိုပါတယ်

စာရေးကြသူ၊စာဖတ်ကြသူ အားလုံး   
                 လေးစားလျှက်

ခရီးသွားအတွေးစာစု
     
 

2 comments:

  1. ကိုမျိုးရယ် အရင် email ပျက်သွားလို့ အဆက်အသွယ်ပြတ်သွားပါတယ် ပြန်ဆက်သွယ်ပါ

    ReplyDelete
    Replies
    1. ဘယ်လိုဆက်သွယ်ရမလည်း ဆရာ
      ကျနော်လည်း စာမရေးဖြစ်လို့ ပါ

      Delete