"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော် စာမရေးတာလည်းကြာသွားပြီဆိုတော့ မေ့သွားကြပီလားလို့ 
ရေးမယ်ရေးမယ်နဲ့ Blog ဘက်ကို မလည့်ဖြစ်ခဲ့တာ နားလည်ပေးကြပါလို့ ပြောချင်ပါတယ်
ကျနော် စာလေးတွေကို ရှာဖွေဖတ်နေကြတဲ့  blog ခရီးသွားများကို ကျေးဇူးတင်ပါတယ်
လူတွေထဲက လူတွေအကြောင်းလေးတွေ ရေးခဲ့တာ ကိုတမျိုးတော့မထင်ကြပါနဲ့
ဘဝတခုကို လျှောက်လှမ်းနေကြတဲ့ လူတွေရဲ့ အဖြစ်အပျက် အမှန်လေးတွေကို အတွေးစာစု
အဖြစ် မှတ်တမ်းပြုမိတာတွေကို တိုက်ဆိုင်သူတိုင်း နားလ ည်ပေးကြပါလို့ တောင်းဆိုပါတယ်
လူတိုင်းမှာ တဖြေးဖြေးနဲ့ အသက်အရွယ်တွေတာကြီးလာကြတယ် လူတိုင်းရဲ့စိတ်တွေက
တဖြေးဖြေးနဲ့ ဆုတ်နေသလို ပါပဲ တိုးတက်မှုတွေ မရှိတဲ့အပြင် နိမ့်ကျတဲ့စိတ်တွေ ပိုပိုများလာသလို
ပါပဲ သတင်းတွေကြည့်ကြည့် မှု့ခင်းတွေကြည့်ကြည့် ပတ်ဝန်းကျင်ကိုကြည့်ကြည့် အဆင်မပြေမှု့နဲ့
ပြသနာတွေကအများကြီးပါပဲ အဓိက ကတော့ စီးပွားရေး မပြေလည်မှု့က စမယ်ထင်ပါတယ်
ခေတ်ကြီးက တိုးတက်နေတော့လည်း လူတွေရဲ့ စိတ်တွေကလည်း အငြိမ်မနေချင်ကြတော့ဘူးလေ
ဘုမသိ ဘမသိနဲ့လည်း သွာနေကြတာပါပဲ ဘာပဲဖြစ်ဖြစ် သိချင်ကြတယ် ဘာပဲဖြစ်ဖြစ် လုပ်ချင်ကြတယ်
ဆိုတော့ ဘာပဲလုပ်လုပ် အလကားတော့ မရဘူးမို့လား ဒါကြောင့် ကုန်ကျစရိတ်တွေကများ
များလာနေတာပေါ့ အားမငယ်ပါတဲ့ စိတ်ဓာတ်မကျပါနဲ့ တွေးတက်ဖို့ပဲလိုပါတယ်
အသိဥာဏ် အတွေးအခေါ်တွေ မရင့်ကြတ်ကြသူတိုင်း အဆင်မပြေမှု့တွေနဲ့ တွေ့နေရအုံးမှာပါပဲ
ဒါကြောင့် ဘာလုပ်သင့်လည်းလို ထင်လည်း ကျနော်အမြင်ကတော့ သိလိုက်တဲ့အချိန်ကစပြီးတော့
ပြုပြင်ဖို့ တော့ လိုပါပြီ များများသိချင်ရင် များများစာဖတ် နိုင်မှ အခုခေတ်နဲ့ ယှဉ်ပြိုင်ပြေးနိုင်မှာမို့လား
ဒါကြောင့် ကြိုးစားကြည့်ကြပါ စဉ်းစားတွေးတော ကြည့်ကြပါ ငါဘာတွေလုပ်နေတာလည်း
ငါဘာတွေတွေးနေတာလည်း ငါ ဘာတွေ ဘယ်လိုဖြစ်ချင်နေတာလည်း ဆိုတာ သိဖို့
အရေးကြီးပါတယ် အဓိပ္ပာယ်ရှိတဲ့ အလုပ်လား အဓိပ္ပာယ် မရှိတဲ့ အလုပ်လား အဓိပ္ပာယ်ရှိတဲ့
အတွေးလား အဓိပ္ပာယ် မရှိတဲ့ အတွေးလား ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ
ဒါမှ ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းက မှားလားမှန်လား ဆိုတာ ခွဲခြားတက်ပြီး
တိုးတက်တဲ့ လမ်းပေါ်ကို အေးဆေးစွာဖြတ်သန်းနိုင်မယ်ထင်ပါတယ်
အားလုံး ထာဝရ ကြီးပွားတိုးတက်ကြပါစေ
komyoခရီးသွားအတွေးစာစု

No comments:
Post a Comment