ုkomyo ခရီးသွားအတွေးစာစု
Thursday, 6 April 2017
ကိုယ်​ပိုင်​တဲ့ ဖုန်း​လေးတလုံးက-------=
"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
           ဘာပဲလုပ်​လုပ်​ ဘာပဲ​ပြော​ပြော  ကိုယ်​လုပ်​တဲ့အရာ​တွေ အဆင်​​ပြေ​အောင်​မြင်​ကြရင်
ဝမ်းသာ​ပျော်​ရွှင်​ကြတာ သဘာဝလိုပါပဲ ကိုယ်​လုပ်​တာ ကိုယ်​​ပြောတာ​တွေ က မ​အောင်​မြင်​ဘူးဆိုရင်
တော့ ဘယ်​သူကိုမှ မကြည်​ဖြူကြ​တော့ဘူး  မျက်​နှာက​တော့ ပြုံး​နေ​ပေမဲ့ ရင်​ထဲက​တော့ မုန့်​တိုင်းတိုက်​​နေ
နေသလို ခံစား​နေကြတဲ့သူ​တွေလည်း အများကြီးပါပဲ အ​တွေးစာစုအမြင်​ ​ပြောရရင်​​တော့  မရင့်​ကြတ်
သေးသူ​ ကိုယ်​ဘဝ ကိုယ့်​​နေရာ ကို နားမလည်​ကြသူ​တွေသာ အကြီးကြီးခံစားရတာလို့ ထင်​ပါတယ်
ကိုယ်​ဘဝကိုနားလည်​သူ ကိုယ့်​​နေရာကိုသိသူနဲ့ ကိုယ့်​လုပ်​ရမဲ့အလုပ်​ကို နားလည်​ကြသူ​တွေဟာ
အေးချမ်းတည်​ငြိမ်​ကြပါတယ်​  တကယ်​​တော့  လူ​တွေဟာ တကယ်​နားလည်​သူရှိသလို  ဘာမှကို 
နားမလည်​ကြတာလည်း ရှိ​နေတာ ​တွေ့ရပါတယ်​ တကယ်​ကို ဘာမှမသိ​သေးသူ​တွေပါ  ဒါမဲ့လည်း
နားမလည်​မသိသူကလည်း  သူများအထင်​​သေးမှာ​တော့ မခံချင်​ကြပါဘူး သိသိမသိသိ ဟုတ်​ဟုတ်
တကယ်​သိ​အောင်​ နားလည်​​အောင်​ ကြိုးစားဖို့ကလည်း  ဘယ်​ကစလို့ဘယ်​လိုလုပ်​ရမှန်းလဲမသိ
ဆို​တော့  လူတိုင်းတိုးတက်​ကြဖို့ ကြီးပွားကြဖို့ ဆိုတာ မလွယ်​ပါဘူး  အဲ​တော့ အခု​ခေတ်​မှာ
ဘာမဆို သိခွင့်​ရ​နေပီ ​လေ့လာခွင့်​​တွေကလည်း အလွယ်​တကူ ရ​နေကြပီပဲ ကိုယ်​တိုင်​လုပ်​ဖို့ ပဲ
လိုပါ​တော့တယ်​  www.google .comမှာ ကိုယ်​သိချင်​တာ ကိုယ်​လုပ်​ချင်​တာ ​လေး​တွေကို 
ရှာ​ဖွေပီး ​လေ့လာသူယူလို့​ရ​နေပီပဲ ဒါမဲ့ လူတိုင်းမလုပ်​တက်​ကြသလို သိ​အောင်​လည်း စိတ်​ဝင်​တစား
မ​လေ့လာချင်​ကြဘူး  အသိပညာ အတက်​ပညာ ဗဟုသုတသိပ်​မှမရှိကြ​တော့လည်း
လေ့လာသင်​ယူဖို့ဆိုတာ တကယ်​​တော့ မလွယ်​လှပါဘူး  ဒါ​ကြောင့်​ စာများများဖတ်​ပါလို့ တိုက်​တွန်း
နေကြရတာ​ပေါ့  အ​တွေးအ​ခေါ် အသိဥာဏ်​ ဗဟုသုတဆိုတာ  ကိုယ်​တိုင်​ မရှာ​ဖွေမ​လေ့လာပဲနဲ့​တော့
ဃဂနဏ မသိနိုင်​ပါဘူး အခု​ခေတ်​က အရမ်းအရမ်းကို လွယ်​ကူပါတယ်​ ဖုန်း​လေးတလုံးနဲ့ အင်​တာနက်
လေးရှိရင်​  ဘာမဆို လုပ်​လို့ရ​နေပါပီ  စာဖတ်​မလား စာသင်​မလား  ဗဟုသုတမျိုးစုံ သင်​ယူလို့ရသလို
ဈေးဝယ်​မလား ​ငွေလွဲ​ငွေ​ချေ လုပ်​မလား ​နောက်​ဆုံး အပန်း​ဖြေဖို့  သီချင်းနား​ထောင်​ ဗီဒီယိုကြည့်​ဦးမလား
ကိုယ့်​အိပ်​ယာထဲက​နေ ​တောင်​ လုပ်​လို့ရ​နေတာ ပါ  ဒါ​ကြောင့်အချိန်​ကိုမဖြုန်းပဲ အကျိုးရှိရှိ 
အသုံးချနိုင်​ဖို့  တိုက်​တွန်းချင်​ပါတယ်​  ကိုယ်​လက်​ထဲမှာ ရှိ​နေတဲ့ ဖုန်း​လေးတလုံးကို 
အသုံးချပီး ကိုယ့်​ဘဝ​လေးကို ပြုပြင်​​ပြောင်​လဲဖို့ အချိန်​တန်​ပါပီ 
komyoခရီးသွားအ​တွေးစာစု
No comments:
Post a Comment