ုkomyo ခရီးသွားအတွေးစာစု

Monday, 17 April 2017

လူတိုင်းသိဖို့လိုမယ်​ထင်​တယ်

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ

             ​အော်​ အွန်​လိုင်းဆိုတာကြီးကလည်း နားလည်​သူ​ရော နားမလည်​ကြသူ​တွေ​ရော အလိမ်​အညာ

ခံ​နေကြရတာ​နော်​ သမာအာဇီဝနဲ့လုပ်​စားကြသူ​တွေလည်း အများကြီး ​စေတနာနဲ့အမှန်​အကန်​ကူညီသူ

တွေကလည်းအများကြီး တကယ်​သိသူ​တွေကလည်းအများကြီး ဘာမှကိုမသိကြသူ​တွေကလည်း

အများကြီး ​ကုန်​ကုန်​​ပြောရရင်​ လူ​ကောင်း​တွေ အများကြီးရှိသလို လူလိမ်​လူညာ လူဆိုး​တွေကလည်း


အများကြီး ရှိကြတယ်​ဆိုတာ လူတိုင်းသိထားကြမှာပါ  ကိုယ်​ကဘယ်​လိုလူနဲ့ ADDရင်​ ဘာသိရမယ်

ဆိုတာစဉ်းစားသင့်​ပါတယ်​  အဓိက က​တော့အကျိုးရှိရှိအသုံးချတက်​ဖို့ပါပဲ အချိန်​ကုန်​ ​ငွေကုန်​ခံပြီး

ကိုယ့်​အတွက်​ သူများအတွက်​ ဘာမှဗဟုသုတမရလိုက်​ဘူးဆိုရင်​ ဘာအတွက်​သုံး​နေကြတာလည်း

တကယ်​​တော့ အခု​ခေတ်​အခုအချိန်​ဟာ အရမ်းကိုတန်​ဖိုးရှိပါတယ်​ သုံးတက်​ရင်​​တော့​ဆေး မသုံးတက်​ရင်

ဘေးလို့ဆိုရင်​ မှားမယ်​မထင်​ပါဘူး အစစအရာရာ လုပ်​လိုရ​နေပြီ မဟုတ်​လား နည်းပညာ​တွေ

အသိပညာ​တွေ အတက်​ပညာ​တွေ ဗဟုသုတမျိုးစုံ ကို အလွယ်​တကူရှာ​ဖွေနိုင်​​နေပီပဲ ​ဈေးဝယ်​တာပဲဖြစ်​ဖြစ်

ငွေ​ပေး​ငွေယူတာပဲဖြစ်​ဖြစ်​​ဈေး​ရောင်းတာပဲဖြစ်​ဖြစ်​ လုပ်​လို့ရ​နေပီပဲ စဉ်းစားပီး အသုံးချတက်​ဖို့ အချိန်​တန်

ပါပြီ ခက်​တာက ဘာမှမသိသူ​တွေက အများကြီးရှိ​နေ​တော့ ဘယ်​ကစပြီးဘာလုပ်​ရမှန်းမသိ ဖြစ်​​နေကြတာ

ဒါ​ကြောင့်​ စာများများဖတ်​ပီး ကိုယ်​လုပ်​ချင်​တာ လုပ်​နိုင်​တာ​လေး​တွေကို ​လေ့လာပြီး လုပ်​ကြည့်​ကြဖို့

တိုက်​တွန်းချင်​ပါတယ်​ စာ​ရေးဆရာ​တွေ ဘယ်​​လောက်​​ရေး​ရေး ဘယ်​လိုပဲ​ရေး​ရေး လူတိုင်းမသိနိုင်​ကြပါဘူး

ကိုယ်​ကတခြားသူ​တွေ သိ​စေချင်​နားလည်​​စေချင်​ရင်​ ​တော့ တဆင့်​ပြန်​ပီး​ဝေငှနိုင်​မယ်​ဆိုရင်​ လူတိုင်း

လူတိုင်း တဆင့်​စကားတဆင့်​ကြားပြီး လုပ်​နိုင်​ကြမယ်​ထင်​ပါတယ်​ ဘယ်​အရာပဲဖြစ်​ဖြစ်​ ​ကုသိုလ်​ဒါန

အဖြစ်​ ​ဝေငှနိုင်​မယ်​ဆိုရင်​ အ​ကောင်းဆုံးလို့ မြင်​မိပါတယ်​တခု​တော့ရှိတာ​ပေါ့  ဒီလို​ဝေငှတာကလဲ 

အလကား​ဝေငှလို့မရတာ​တွေလည်းရှိပါတယ်​ လူတိုင်းတက်​နိုင်​မဲ့  ​ငွေ​ကြေး​လေး​တွေသတ်​မှတ်​ပြီး

နည်းပညာမျိုးစုံ​ဝေငှ​နေကြတာလည်းရှိပါတယ်​ ဒါလည်း​ကောင်းတဲ့အရာတခုပါပဲ တချို့လူ​တွေဆိုရင်

ဘယ်​သွားပီးဘာသင်​ရမှန်းကိုမသိသူ​တွေရှိသလို ကိုယ်​ကသင်​ချင်​​ပေမဲ့ ဘယ်​လိုသင်​ရမယ်​ ဘယ်​မှာ

ရှိတယ်​ဆိုတာ​တောင်​မသိသူ​တွေကလည်း အများကြီးရှိပါ​သေးတယ်​ ကျ​နော်​တခု​တော့ ဝမ်းသာမိပါတယ်

ဘာလဲဆို​တော့ အွန်​လိုင်း​ငွေရှာနည်း​လေ့လာ​နေကြတာ မိန်းက​လေး​တွေပါ​တွေ့ရလို့ပါ ပီး​တော့

တနိုင်​တပိုင်​စီးပွား​ရေးလုပ်​ငန်း​လေး​တွေ ​လေ့လာ​နေကြတာလည်း​တော်​​တော်​များများ​တွေ့ရတယ်

ဒါကလည်း ကျ​နော်​အမြင်​​ပြောတာပါ အခုနှစ်​ပိုင်းမှပိုများလာတာ​တွေ့ရတာပါ အဲဒီအထဲမှာ ကျ​နော်​လည်း

အပါအဝင်​ဆိုပါ​တော့ ဒါ​ကြောင့်​လူတိုင်းကိုလည်းသိ​စေချင်​ တက်​​စေချင်​ လို့ပါ ကိုယ်​ကနည်းပညာ​တွေ

အတက်​ပညာ​တွေမ​ဝေငှနိုင်​​ပေမဲ့ စဉ်းစား​တွေး​ခေါ်တက်​​စေချင်​တဲ့ ​စေတနာနဲ့ ခရီးသွားအ​တွေးစာစုက

စာတို​လေး​တွေနဲ့ သိသ​လောက်​ နားလည်​သ​လောက်​ ​တွေးမိသ​လောက်​ ​ရေးခဲ့တာပါ

ဘယ်​သူကိုမှ ရည်​ရွယ်​ပီး​ရေးတာမဟုတ်​ပါဘူး လိုအပ်​ချက်​ အဆင်​မ​ပြေမှု့ရှိရင်​ နားလည်​​ပေးကြပါလို့

လူတိုင်းလူတိုင်း ဗဟုသုတများစွာရကြပါ​စေ

KOMYO BLOGGER ခရီးသွားအ​တွေးစာစု


No comments:

Post a Comment