"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော် blogပေါ်မှာစာရေးတာ နားလည်လို့မဟုတ်ပါဘူး ဝါသနာပါလွန်းလို့ လေ့လာရင်းနဲ့
ကိုယ်မြင်တွေ့ရတာလေးတွေ စိတ်ကူးထဲရှိတာလေးတွေ ရေးခဲ့တာပါ အရမ်းကိုဝါသနာပါပေမဲ့
ဆရာတွေနဲ့တော့လက်တွေ့ မသင်ခဲ့ရပါဘူး စာလေးတွေရှာဖတ်ပီး လုပ်ကြည့်ရင်းကနေ
blogပေါ်ရောက်သွားတာပါ ဝါသနာပါရင် ကိုယ်တိုင်လေ့လာပီး လုပ်မယ်ဆိုရင် အခုခေတ်က
အရမ်းကို အဆင်ပြေနေပါပီ ဒါကြောင့် နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ မနှစ်ကနဲ့မတူအောင်
ပြောင်းလဲဖို့ လိုပါပီ ဘယ်အရာမဆိုပေါ့ မနှစ်ကလည်းဒီလိုပဲ ဒီပုံစံပဲ ဒီနှစ်လည်းဒီပုံစံပဲဒီလိုပဲ
ဆိုသူတွေလည်း ရှိနေကြအုံးမှာပါ အထင်သေးလို့ပြောတာမဟုတ်ဘူးနော် ပြောင်းလဲတာ
တခုတော့ရှိတာပေါ့ အသက်တနှစ်ပိုကြီးလာတယ် အတွေးအခေါ်အသိစိတ်တွေကတော့
မပြောင်းလဲကြဘူး မို့လား လုံးဝပြောင်းလဲသွားကြသူတွေရှိသလို ဘာမှမပြောင်လဲကြသူတွေလည်း
အများကြီးပါပဲ ကလေးလေးတွေကတော့ အများကြီးပြောင်းလဲနေသလိုတွေ့ရတယ်
ဘာဖြစ်လို့လဲဆိုတော့ မိဘတွေက ကလေးတွေကို ကျောင်းပေါင်းစုံ ပညာမျိုးစုံ သင်ပေးနေကြတော့
ကလေးတွေရဲ့ အသိဥာဏ်တွေက အများကြီးတိုးတက်နေကြတာ မတိုးတက်ကြတာက
ဟိုလိုလိုဒီလိုလိုလုပ်နေကြတဲ့ လူငယ်လူလတ်တွေပေါ့ လူတိုင်းမဆိုလိုပါဘူး ကြိုးစားနေကြသူ
တွေလည်းရှိပါတယ် အဲတော့ ဘယ်အရာမဆို ကိုယ်သိတယ်ထင်ပေမဲ့ ကိုယ်လိုမသိသေးကြသူတွေ
ရှိသလို ကိုယ်ထက် အများကြီးသိနေကြတဲ့သူတွေကလည်း ရှိနေပါတယ် အားငယ်စရာမလိုပါဘူး
ကြိုးစားပီးလေ့လာဖို့ပဲလိုပါတယ် လူတိုင်းမွေးလာကတည်းက သိလာတက်လာကြတာမှ မဟုတ်ပဲ
အဓိက စာဖတ်မပျင်းဖို့နဲ့ လိုချင်တဲ့စိတ်လေးရှိဖို့ပါပဲ လူတိုင်းလိုလို Facebook ဆိုတာကြီးကိုတော့
သုံးနေကြတာပဲ ဒါမဲ့ လူတိုင်းစာမဖတ်ကြပါဘူး တချို့ကြတော့ဖတ်ပါတယ် ဘာတဲ့" လှဒယ်မို့လား"
"ချစ်တယ် မို့လား" "ပျင်းနေလို့ စကားပြောကြအောင်"လို့ဆိုတဲ့စာလေးတွေဆိုရင် အလုအယက်
ကိုဖတ်ကြ မန့်ကြတာ တွေ့ရတယ် တခါတလေ တွေးမိပါတယ် ရေးသူရှိတော့လည်းဖတ်ကြမှာပေါ့
ပီးတော့ ဗဟုသုတလေးတွေ ရေးထားတဲ့ စာအရှည်ကြီးတွေကြတော့ သိသယောင်ယောင်
သိပီးသားလိုလိုနဲ့ ကျော်သွားလိုက်တာ ဒုံးပျံကအရှုံးပေးရတယ် လူတိုင်းကို မဆိုလိုဘူးနော်
ဟိုတုန်းကရေးခဲ့ဘူးပါတယ် တနေ့တနေ့အတွေ့အကြုံဟာ ရေးလို့ကုန်မယ်မထင်ဘူးလို
ဖုန်းလေးတလုံးနဲ့ အွန်လိုင်းသုံးလိုရနေတဲ့ခေတ်ကြီးမှာ သိသူတွေကတော့ ဖော်စား မသိသူတွေက
ကျော်လွှားသွားနေကြတာ ကိုယ်လည်းသိအောင်လုပ်နိုင်ပါတယ် လေ့လာရမှာပေါ့
ဒါကြောင့် များများဖတ် များများတွေး နဲနဲပြောလို့ ပြောချင်ပါတယ်
နှစ်သစ်မှစပြီး ဗဟုသုတများ အလွယ်တကူ ရှာဖွေနိုင်ကြပါစေ
komyoခရီးသွားအတွေးစာစု

No comments:
Post a Comment