"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော်စာမရေးဖြစ်တာကြာတော့  မေ့သွားကြပီလားလို့ ကျနော်စာလေးတွေကို အချိန်ပေးပီး
ဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျနော်က ဆရာကြီးတယောက်တော့ မဟုတ်ပါဘူး
ဝါသနာပါလို့သာ ရေးနေတာပါ အဆင်မပြေမှု့လေးတွေရှိရင် တောင်းပန်ပါတယ် နားလည်ပေးကြပါနော်
ဘယ်သူကိုမှ မကောင်းစိတ်နဲ့ရည်ရွယ်ပြီးရေးနေတာမဟုတ်ပါဘူး လူတွေရဲ့ ဘဝလေးတွေ သူတို့ အသိ
လေးတွေနဲ့  လုပ်ကိုင် နေကြတာလေးတွေ အတွေးအမြင်လေးတွေ အတွေးအခေါ်လေးတွေကို
ကြည့် ပြီး တွေးမိတာလေးတွေ ရေးကြည့် မိတာပါ ကျနော်ဟိုတုင်္န်းက ရေးခဲ့ တာလေး၇ှိပါတယ်
လူတွေရဲ့ တနေ့ တနေ့ အတွေ့ အကြူုံတွေက ရေးလို့ ကုန်မှာမဟုတ်ပါဘူး ဘာဖြစ်လို့ လည်းဆိုတော့
လူတိုင်းမှာ အတွေးကိုယ်စီ ခံစားချက်ကိုယ်စီရှိကြပေမဲ့ မှန်ကန်တဲ့အတွေးအခေါ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်
ချနိုင်သူဟာ နည်းနေလို့ပါပဲ အရမ်းအရမ်းကို နဲနေတာပါ အတွေးအခေါ် ဗဟုသုတ အတွေ့အကြုံ
တွေက မရင့်ကြတ်ကြတော့ အလုပ်လုပ်တဲ့ နေရာတွှေမှာလည်း အဆင်မပြေမှု့ တွေ ဖြစ်ကြရတယ်
လူတိုင်းကတော့  ငါသိငါတက် မအဘူး လူလည်ကြီးလို့ ထင်နေကြမှာပါပဲ အ တယ်လို့ ပြောရင်
ဘယ်သူမှလက်ခံမှာမဟုင်္တ်ပါဘူး ကိုယ့် ကိုယ်ကိုတော့  အထင်ကြီးနေကြတာပါပဲ တကယ်တော့ 
လူတွေမှာက အရမ်းကို စာဖတ်အား နည်းနေကြတာ ပြောစရာတော့ ရှိတာပေါ့ စာဖတ်ယုံနဲ့ 
ဗဟုသုတမျိုးစုံ အသိပညာမျီုးစုံ ရနိုင်မှာလားလို့ အဲလိုလည်းမဟုတ်ပါဘူး စာဖတ်ယုံလေးနဲ့ လဲ
မဖြစ်နိုင်သေးပါဘူး ကိုယ်ဖတ်တဲ့ စာပေါ်မှာပဲ မူတည်တာပါ ကိုယ်က ဘာအကြောင်းကို အခြေခံ
ပြီးသိချင်တာလည်း ဘယ်လိုပုံစံမျိုးတွေ ဖတ်ချင်တာလည်း ဆိုတာတော့ သိဖို့ လိုတာပေါ့
အချစ်အကြာင်းဖတ်ရင် အချစ်အကြောင်းသိမှာပေါ့ စီးပွားရေးအကြာင်းဖတ်ရင် စီးပွားရေးပဲသိနိုင်
မှာပေါ့ အခုခေတ်လူတွေကတော့ ဟိုဟာလေးလိုလို ဒီဟာလေးလိုလို ဟိုစပ်စပ်ဒီစပ်စပ်ပဲ လေ့လာ
နေကြတာ ဖုန်းလေးရှိတော့  ပိုဆိုးတယ်လို့ ထင်မိတာပေါ့ လူတိုင်းကိုယ်စီ ဖုန်းလေးတွေရှိကြတာ
တော့ ကောင်းပါတယ် ဒါပေမဲ့နည်းစနစ်မှန်မှန် အသုံးချတက်ဖိုတော့ လိုတာပေါ့
လူတော်တော်များများကတော့  ဘာဆိုဘာမှမသိ ကြပါဘူး တချို့ ကြတော့ လည်း သိသလိုလိုနဲ့ 
မေးကြည့် တော့  တလွဲစီ မင့်းအင်တာနက်သုံးလားလို့ မေးတာ အင်တာနက်တော့မသုံးဖူး
facebook တော့သုံးတယ်တဲ့  ကဲ သူကဘာကိုဘယ်လိုနားလည်နေလည်းမသိ အဲလိုလူတွေက
အများကြီးပါပဲ ပြီးတော့  လိုချင်တာသိချင်တာရှိရင် google မှာရှာလို့ ပြောတော့  google က
ဘယ်လိုဟာလည်းတဲ့  တကယ်ကို မသိတဲ့ သူတွေ အများကြီးပါပဲ ကျောင်းနေမှ ရယ်မဟုတ်ပါဘူး
ကျောင်းမနေလည်း ရေးတက်ဖတ်တက်ရင် အလုပ်ကပဲ သင်သွားတာပါ လုပ်ချင်တဲ့ စိတ်နဲ့ 
ကြိုးစားရင် ခဏလေးပါပဲ ဒါကြောင့်  စာဖတ်ဖို့  စာဖတ်တဲ့အကျင့် ရှိနေဖို့ က အဓိကပါပဲ
စာများများဖတ် ကြပါလို့  တိုက်တွန်းချင်ပါတယ်
komyoခရီးသွားအတွေးစာစု

No comments:
Post a Comment