"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော်စာလေးတွေကိုဖတ်ပြီး အတွေးလေးတွေရမယ်လို့မျှော်လင့်ပါတယ် လူတိုင်းကို
အဆင့် တန်းမြင့်မြင့် နဲ့ အတွေးအခေါ်အယူအဆလေးတွေ ဖန်တီးစေချင်တဲ့  စေတနာနဲ့ ကျနော်သိ
သလောက် အတွေးလေးတွေဝေငှတာပါ တကယ်တော့ ဘာမှမသိသေးသူတွေက အများကြီး
ရှိနေတာတွေ့ နေရလို့ ပါ အခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ ဘာမှမလေ့လာပဲ အချိန်ကုန်ဘေတွေ
ကုန် ပြီး စိတ်လေသွားကြသူတွေလည်းတွေ့ ရပါတယ် ဘယ်လိုလေ့ လာရမှာလည်းမသိ ဘယ်ကစရ
မှန်းလည်းမသိနဲ့  ကိုယ်သိချင်တာကို လေ့ လာကြည့်ပါ ဒါပေမဲ့  ဘာအတွက် လေ့ လာချင်တာလည်း
ဆိုတာ စဉ်းစားပါ သိချင်တာတွေ အကုန်ရှိနေတဲ့  အွန်လိုင်းဆိုတဲ့ အင်တာနက်ကြီးက ဘယ်လို လူမျိုး
ပဲဖြစ်ဖြစ် ထာဝရ ကြိုဆိုနေပါတယ် လူ့ ဘဝတခုကို ပြောင်းလဲသွားနိုင်ပါတယ် လိုချင်တဲ့ စိတ် သိချင်တက်
ချင်တဲ့ စိတ်လေးသာ မွေးလိုက်ပါ ဆရာတယောက် သင်ပေးနေသလို ပါပဲ အများကြီးအများကြီး
တက်ချင်တယ်ဆိုရင်တော့ ဆရာတွေ ကိုယ်တိုင်သင်တဲ့  သင်တန်းတွေ ရှာဖွေပြီး တက်ပါ
ဘာမဆို အကုန်ရှိနေတဲ့  အင်တာနက်ကြီးကို အကိုးရှိရှိ အသုံးချနိုင်အောင် ကြိုးစားလိုက်စမ်းပါ
ယူတက်ဖို့ တော့လိုတာပေါ့  ကျနော်လုပ်ခဲ့ တာလေးကိုပြောပြချင်ပါတယ် ဘာလည်းဆိုတော့ 
ကျနော်ကအွန်လိုင်းပေါ်မှာ သိချင်တာတွေ အကုန်ရှာတယ် နားလည်လို့ မဟုတ်ပါဘူး နားမလည်
ပဲနဲ့  သိချင်တာကို ကိုယ့် ထက်သိတဲ့ သူတွေ ပြီးတော့ နည်းပညာမျိုးစုံအသိပညာမျိုးစုံတွေ
ရေးပြီးတင်ပေးကြတဲ့  ဆရာကြီးတွေ ရဲ့ စာတွေဖတ် နားမလည်တာလေးတွေကို gmail နဲ့ မေး
အဲဒီလိုနဲ့  လေ့လာခဲ့ တာပါ အတက်ကြီးမဟုတ်ပေမဲ့  သိသင့်သလောက် နားလည်သင့် သလောက်
တော့ နားလည်နေပါပြီ ဒါပေမဲ့ အများကြီးလေ့လာရအုံးမှာပါ ကျနော်facebook ကနေ
အရမ်းလေးစား ဂုဏ်ယူရတဲ့ အကိုတယောက်တွေ့ခဲ့ တယ် နာမည်က ko Htway တဲ့ သူက
စာအုပ်တအုပ်ကို အခမဲ့  လှူနေတာ ဘယ်လောက်ဝေးဝေး စာအုပ်လေးလိုချင်လို့ ပါလို့ ပြောပြီး
ပို့ပေးရမဲ့လိပ်စာတာပြောလိုက် တန်ဆာကပါရှင်းပေးပြီး အရောက်ပို့ ပေးတာ အရမ်းကိုလေးစားမိတယ်
ကျနော်လည်း စာအုပ်လေးထဲက နည်းလေးတွေ ကြည့်ပြီး အလုပ်လေးတခု စမ်းသပ်လုပ်ကိုင်ကြည့် 
နေတာ အခုဆို ဈေးကွက်ပေါ်မှာေ၇ာက်နေပြီ အနဲချင်းတော့ လက်ခံနေကြပြီ ဆပ်ပြာလုပ်ငန်းလေးပေါ့
စာအုပ်ထဲမှာတော့  နည်းမျိုးစုံ ပါပါတယ် ကိုယ်ဝါသနာပါတာလေးတွေကို အကျိုးရှိရှီ အသုံးချနိုင်ဖို့ ပါ
စာအုပ်လေးက တန်ဖိုးအကြီးကြီးမဟုတ်ပေမဲ့  လူတယောက်ရဲ့ ဘဝကို အများကြီးအထောက်အကူ
ရစေပါတယ် koHtway ကတော့ စေတနာနဲ့  စာအုပ်လေးကို လှူပေမဲ့  တအုပ်ကို 15000 နဲ့ 
ရောင်းနေကြတဲ့ သုတွေလည်းင်္ရှိပါတယ် ရှာဖွေလေ့လာပြီး အကြိုးရှိရှိ အသုံးချစေချင်လို့ ပါ
အရင်းအနှီးအများကြီး မကုန်ပဲ တပိုင်တနိုင်လုပ်နိုင်တဲ့  အလုပ်လေးတွေ ရှိပါတယ် လုပ်ချင်တဲ့ 
စိတ်လေးနဲ့  ကြိုးစားဖို့ ပဲလိုတာပါ ဘာပဲပြောပြော ဖုန်းလေးတလုံးရှိသူတိုင်း အင်တာနက်လေး
အသုံးပြုတက်သူတိုင်း ကိုယ် ဘဝရဲ့  အချိန်လေးတွေကို အကျိုးရှိအောင် အသုံးချနိုင်ကြပါစေလို့ 
ဆုတောင်းလိုက်ပါတယ်
စာဖတ်သူအားလုံး လိုအင်မှန်သမျှပြည့် ဝကြပါစေ
komyoခရီးသွားအတွေးစာစု http://mede.life/uAUhQ

No comments:
Post a Comment