ုkomyo ခရီးသွားအတွေးစာစု

Sunday, 17 December 2017

ဖုန်းလေးတွေနဲ့ ဆော့တာလျှော့ပြီး-----------

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
 ကျနော်စာ မရေးတာလည်းကြာသွားတော့ အားနာမိပါတယ် စာဖတ်သူတွေကို တောင်းပန်ပါတယ်
မိသားစုစီးပွားရေးအတွက်လည်း လုံးပန်းနေရတော့ စာရေးတဲ့ ဘက် အားနည်းသွားတာပါဆက်ပြီး
အားပေးကြပါဦးလို့  တောင်းဆိုပါတယ်
    ရေးချင်တာတွေကတော့ အများကြီးပါ လူထဲကလူတွေအကြောင်းပါပဲ ဒါကလည်း
ခရီးသွားအတွေးစာစုရဲ့ အတွေးပေါ့

အခုခေတ်ကြီးကလည်း တကယ်ကြောက်စရာကောင်းနေသလိုပါပဲ facebook ပေါ်တက်လာတဲ့ သတင်းတွေ ၈ျာနယ်စာစောင်တွေကသတင်းတွေ ဖတ်ရ မြင်ရတာလည်း ကြောက်စရာ ရင်နာစရာ
ကြေကွဲစရာ စိတ်နာစရာ အဖြစ်အပျက်တွေက များနေတယ် ဟိုးအရင်အရင်ကဆို အခုလိုအဖြစ်
အပျက် မပြောနဲ့ တွေးတောင်မတွေးမိဘူး တခါတလေ တွေးကြည့်ပါတယ် ဘုရားဟောခဲ့တဲ့အတိုင်း
ဆုတ်ကပ်ခေတ်ဆိုတော့ ဒီထက်ဆိုးဖို့ပဲရှိတော့တယ် ဒါကြောင့် အသိတရားရှိသူတွေအတွက်
အေးချမ်းနေပေမဲ့ အသိဥာဏ်မရှိ အတွေးအခေါ်မရှိသူများအဖို့ တော့ မတွေးဝင့်စရာတွေပါ
စာဖတ်သူတို့ ကြားကြ မြင်ကြရမှာပါ မိဘကို ပြန်လုပ်တဲ့သူ ကိုယ့်သားသမီးကို ပြန်စော်ကားသူ
ပြီးတော့ နေ့ခင်းကြီးမှာတောင် လုယက်ကြ သတ်ကြဖြတ်ကြ လက်နက်တွေ  ကိုင်နေကြ
အို --တွေးပြီးတောင် ကြောက်လာမိတယ် ကိုယ်အလုပ်ပီးတာနဲ့အိမ်ထဲက အိမ်အပြင် မထွက်တာ
အကောင်းဆုံးပါပဲ ဒီကြားထဲ ကိုယ့်ကိုယ်ကို သတ်သေကြတာတွေကလည်း တွေ့တွေ့နေရပြီ
    ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဘဝကို တော့ မစတေးသင့်ပါဘူး ဒါတွေပြောရရင်တော့ ဆုံးမှာ
မဟုတ်ပါဘူး  အဓိက ကတော့ စီးပွားရေးမပြေလည်တာကစမယ်ထင်ပါတယ် ပြီးတော့
လူမှူ့ရေး ဖောက်ပြန်ကြတာတွေပေါ့ တွေးကြည့် ရင်တော့ အများကြီးပ့ါပဲ အဲတော့ အသိတရား
လေးတွေ ရျှိကြပြီး တဦးနဲ့ တဦး ကူညီဖေးမကြရင် ပျော်ရွှင်စရာ လူဘဝကြီး ဖြစ်လာမယ်ထင်ပါတယ်
ဒါကြောင့်  စာပေတွေကို ရှာဖွေဖတ်ဖို့  တိုက်တွန်းချင်ပါတယ် စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးက
အရမ်းတန်ဖိုးကြီးမားလှပါတယ် လု့ဘဝ တစိတ်တဒေသတော့ ပြောင်းလည်းနိုင်မယ်ထင်ပါတယ်
စာအုပ်စာပေ လူမိတ်ဆွေ ဆိုသလို စာပေတွေရှာဖွေဖတ်တာကလည်း တကယ့်မိတ်ဆွေကောင်း
မိတ်ဆွေစစ်ထက်ပိုပြီး တန်ဖိုးရှိနိုင်ပါတယ် စာဖတ်တဲ့ အကျင့်လေးတွေလုပ်ကြပါ
ဖုန်းကိုင်တာလေးတွေလျှော့ကြပါ လို့ တိုက်တွန်းချင်ပါတယ်
     တကယ်တော့ စာဖတ်ချင်သူအတွက် အဝေးကြီးသွားစရာမလိုပါဘူး ဖုန်းလေးထဲကပဲ
ဖတ်ချင်တဲ့ စာလေးတွေ ရှာဖတ်လို့ရနေပါပြီ အရမ်းကို လွယ်ကူနေပါပြီ ဒါကြောင့် စာဖတ်မပျင်း
ကြပါနဲ့ လို့ ပြောချင်ပါတယ် ကိုယ့်ရဲ့ဖုန်းလေးကို ဘာအတွက် ဘာကြောင့်အသုံးပြု နေတာလည်း
ဆိုတာ တွေးတောဖို့ အချိန်တန်ပါပြီ ဘာဖြစ်လို့ လည်းဆိုတော့  ကိုယ့် ရဲ့ ဝင်ငွေတွေနဲ့ ထွက်ငွေ
လေးတွေ မျှတမှု့ ရှိမရှိ ဆိုတာ သိထားကြမှာပါ ကိုယ့် ရဲ့အသုံးပြုမှု့က အကျိုး၇ှိလားဆိုတာတော့ 
မိတ်ဆွေတို့ သိ ကြမှာပါ
komyo ခရီးသွားအတွေးသာစု
  

No comments:

Post a Comment