ုkomyo ခရီးသွားအတွေးစာစု

Monday, 18 December 2017

ဖတ်ပါ မှတ်ပါ အတုယူပါ-----

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
    လူတိုင်းမှာ ဖုန်းလေးတွေကိုင်နေကြတာဆိုရင် အချိန်အတော်ကြာလာခဲ့ ပါပြီ 2013 လောက်
ကတည်းကကိုင်လာကြတာအခုဆိုရင် 2017 တောင်ကုန်တော့ မယ် အဲဒီအချိန်တွေက
တဖြည်းဖြည်း ကုန်လာပေမဲ့  လူတိုင်းမှာ ပြောင်းလဲတာဆိုလို့  ဘာတွေရှိကြပြီလည်း ဘာတွေ
ဖြစ်ကြပြီလည်း ကျနော်အထင်တော့  လူတော်တော်များများ ကတော့  ဖုန်းလေးတွေသာ
အမျိုးမျိုး ပြောင်းလည်းကြတာ သူတို့ ရဲ့ အသိပညာဗဟုသုတ တွေက ဒီအတိုင်းဒီအတိုင်းပါပဲ

ငွေကုန် ဘေတွေကုန်ကြလို့ စိတ်တောင်ညစ်သွားကြလေရဲ့ လူတိုင်းမဆိုလိုပါဘူး လူအများစုက
တော့ ဘေတောင်ထပ်ထည့် ရမှာ ဝန်လေးနေကြတာ တွေ့ နေရတယ် ဒါကလည်းသူတို့ ရဲ့ 
အားနဲချက်လို့ ဆိုရမှာပေါ့  တချို့ဆိုရင် ကိုယ်ကိုင်တဲ့ ဖုန်းရဲ့ အမျိုးအစား-- စသဖြင့် ပေါ့ ဘာမှမသိ
ရှာကြသေးပါဘူး တချို့ ကြတော့ လည်း အခုအချိန်အထိ သူများဖွင့် ပေးထားတဲ့  facebook လေး
တောင် ကောင်းကောင်းအသုံးမပြုတက်ကြတာလည်း တွေ့နေရသေးတယ် ပြောပြမယ်ဆိုရင်တော့ 
ပြောလို့ ကုန်မှာမဟုတ်ပါဘူးဗျာ အဲတော့ ဘယ်လို လုပ်ပြီး တိုးတက်ကြီးပွား ကြတော့ မလည်း
ကျနော်တို့ နိုင်ငံမှာက လူနဲစုပဲ ချမ်းသာနေကြတာပါ အလုပ်ရှင်နဲ့ အလုပ်သမားပဲကြည့် လေ
အလုပ်ရှင်ကနည်း အလုပ်သမားတွေကပေါတော့ တချို့ ဆို အလုပ်တောင်မရှိကြဘူး ပြီးတော့ 
သာမာန်လူတန်းစားတွေကလည်း ရတာနဲ့ ကုန်တာ မမျှကြဘူး ဖုန်းဘေ အင်တာနက်ဖိုး ကွမ်းဖိုး
ဆေးဖိုး စသဖြင့်  ဆိုင်ကယ်ဆီဖိုး ပြင်ဆင်စရိတ် ကုန်ရမဲ့ ဟာတွေက အများကြီးပါပဲ
        ဒါကြောင့်  ဘာလုပ်သင့် လည်း ဘာလုပ်ရမလည်း ဘယ်လိုလုပ်ရမလည်း ဆိုတာ
စဉ်းစားဖို့ အချိန်တန်ပါပြီ အဓိက ကတော့ စာပေလေးတွေ ကိုယ်နဲ့ လက်လှမ်းမှီလောက်တဲ့ စာ
လေးတွေကို ရှာဖွေပြီးဖတ်စေချင်ပါတယ် ဥပမာ -facebook သုံးချင်တယ်ဆိုရင် facebook ဆိုတဲ့ 
အကြောင်းလေးတော့  လေ့လာရမှာပေါ့ ဘာမှမသိပဲ facebook ဘယ်လိုစသုံးမလည်း
ဥပမာအနေနဲ့  မသိသေးသူအတွက်ပြောပြတာပါ လေ့ လာမယ်ဆိုရင်တော့  လေ့လာစရာတွေက
ကုန်မယ်မထင်ပါဘူး လောလောဆယ်တော့ လောဘမကြီးပါနဲ့ ကိုယ်အားသန်တဲ့  အရာကိုပဲ
တခုချင်းလေ့ လာပါ ဖတ်ပါ မှတ်ပါ အတုယူပါ .။

အသိပညာဗဟုသုတများအလွတကူ ရှာဖွေနိုင်ကြပါစေ

komyoခရီးသွားအတွေးစာစု

No comments:

Post a Comment