ုkomyo ခရီးသွားအတွေးစာစု

Wednesday, 20 December 2017

အသိတခု ရဖို့ ----

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
   လူ့ ဘဝလူလောကကြီးမှာ အဆင်ပြေသူရှိကြသလို အဆင်မပြေကြသူတွေလည်းအများကြီးပါ
အခုလူတော်တော်များများ facebook ကို သုံးနေကြတယ် စီးပွားရှာသူ ပညာရှာသူ ဗဟုသုတ
ရှာသူ သတင်းကြည့် သူ အတင်းပြောသူ လိမ်သူညာသူ စသဖြင့်  အမျိုးမျိုးအသုံးပြုနေကြတာပါ
တချို့ facebook ကနေစီးပွားရှာလို့ ကြီးပွားနေကြသူရှီသလို facebook ကို မယုံကြသူတွေလည်း
တွေ့ ရတယ် facebook ဆိုတာကြီးကဘာမှမလုပ်ပါဘူး လူတွေကသာ လုပ်နေကြတာပါ

တကယ်အသုံးချတက်မယ်ဆိုရင် အရမ်းကို အကျိုးရှိပါတယ် ဘဝတခုကို ပြောင်းလည်းတိုးတက်
အောင်လုပ်ယူလို့ ရပါတယ် အပျော်သုံးသူတွေအတွက် မပြောလိုပါဘူး ဘာမှမသိပဲ facebook
ဆိုတာကြီးကို သူများသုံးတိုင်း လိုက်သုံးနေကြသူတွေအတွက် ပြောတာပါ
         facebook ဆိုတာ ဘာလည်း facebook ကဘာအတွက်အသုံးပြုနေကြတာလည်း
facebook ကိုဘယ်လိုအသုံးပြုကြတာလည်း  facebook ကဘာတွေပါလည်း စသဖြင့် လေ့လာပြီးမှ
သုံးတာက အဆင်ပြေမယ်ထင်ပါတယ် တကယ်တော့ facebook မှမဟုတ်ပါဘူး ဖုန်းရှိသူတိုင်း
အင်တာနက် ဆိုတာဘာလည်း သိဖို့ တော့ လိုတာပေါ့ အခုလူတော်တော်များများကတော့ 
ဘာမှမသိ ဘာမှနားမလည်ပဲနဲ့ အင်တာနက်ဖွင့် ကြည့်ချင်တာကြည့်နှိပ်ချင်တာနှိပ်ဆိုတော့
ဘေတွေကကုန်မှန်းမသိကုန် ဘာပညာမှမရ နောက်ဆုံးတော့ ဘေကုန်တာတောင် မထည့် 
ရဲအောင် ဖြစ်လာကြတယ် အထင်သေးလို့ ပြောခြင်းမဟုတ်ပါဘူး ကျနော်မြင်တွေ့ ရတာတွေပါ
တကယ်ကိုသနားမိပါတယ် မေးကြည့် တော့ လည်း ဘယ်ကစလေ့ လာရမှန်းမသိကြဘူးတဲ့ 
လူတွေရဲ့ အားနည်းချက်က အသိပညာအရမ်းကိုနည်းပါးခဲ့ ကြလို့ ပါ တကယ်ကိုမသိကြတဲ့ သူတွေကအများကြီးပါ ကျနော်လည်း ပညာရှိကြီး မဟုတ်ပါဘူး ရှာဖွေရင်း လေ့ လာရင်း နဲ့ ဖြတ်သန်း
နေတာပါ မသိသေးတာတွေ နားမလည်တာတွေလည်း အများကြီးရှိပါသေးတယ်
ဒါကြောင့်  ကျနော်ကိုနားလည်ပေးကြပါ နည်းပညာမျိုးစုံ လေ့ လာ ကူယူးအတုယူခွင့် ပေးကြပါ
လို့ တောင်းဆိုချင်ပါတယ် ကျနော်ကလည်းအရမ်းဝါသနာ ပါလို့ bloger တွေကို ရှာဖွေ လေ့ လာ
နေရတုန်းပါ ပြောချင်တာကတော့ ဗျာ ဘယ်အရာမှ လွယ်လွယ် မရပါဘူး ဝရိယနဲ့ အားလေးစိုက်
ပြီးလေ့ လာရင် ခဏပါပဲ ကိုယ် အားသန်တာ ကိုယ်သိချင်တာ တခုလောက်ကို လေ့ လာကြည့်ပါ
တနေ့ နေ့ တော့ ပြောင်းလဲလာမှာပါ လူတိုင်းအသိပညာ ဗဟုသုတ ကြွယ်ဝစေချင်တဲ့ စေတနာနဲ့ 
ပြောတာပါ ဘာရည်ရွယ်ချက်မှမရှိပါဘူျးတော်နားလည်သလောက် သိသလောက်လေးကို
ဝေမျှတာပါ အားလုံးအသိပညာဗဟုသုတများ ရရှိကြပါစေ

komyo ခရီးသြားအေတြူးစာစု


No comments:

Post a Comment