"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော်ရဲ့ ခရီးသွားအတွေးစာစုလေးကို ဖတ်ပေးကြတဲ့ အတွက်ကျေးဇူးပါ အတက်နိုင်ဆုံး
ကြိုးစားနေပါတယ် အမှားလေးများနဲ့ အဆင်မပြေမှု့ များရှိပါက တောင်းပန်ပါတယ်
blog ပညာကိုလေ့ လာရင်းမို့  လိုအပ်ချက်တွေ အဆင်မပြေမှု့ တွေရှိတယ်ဆို
နားလည်ပါတယ် အဲအတွက်လည်းတောင်းပန်းပါတယ် ကျနော်ရေးလိုက်တဲ့ စာလေးတွေက
အခြားလူအတွက် အကျိုးရှိမယ်ဆိုရင် ဝမ်းသာပါတယ် ပညာရှင်မဟုတ်ပေမဲ့  ကျနော့်
blog ထဲကိုဝင်ရောက် အားပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်
ကျနော်ရေးခဲ့ တာတွေထဲက တိုက်ဆိုင်မှု့ ရှိရင် ခွင့် လွှတ်ပါ
တနေ့ တနေ့ အတွေ့ အကြုံတွေက ရေးလို့ ကုန်မယ်မထင်ဘူးလို့ ကျနော်အရင်က
ပြောခဲ့ ဘူးပါတယ် ဘဝတခုတည်ဆောက်တာပဲဖြစ်ဖြစ် လူနေမှု့ အဆင့်တန်းမြင့် အောင်
ပဲဖြစ်ဖြစ် လူတိုင်းရုန်းကန်နေကြတာ တွေ့ ကြမှာပါ သွားလာလှုပ်ရှားနေကြတာ လမ်းအပြည့်
နေရာစူံအပြည့် ပါပဲ ဒါပေမဲ့  ကောင်းတဲ့ သူတွေများကြသလို ဆိုးတဲ့ သူတွေလည်း အများကြီး
တွေ့ နေရပါတယ် လမ်းသွား ဈေးသွားရတာတောင် ကိုယ့် ကိုယ်ကို သတိနဲ့ သွားလာနေ
နေရတယ်မဟုတ်လား ဟိုအရင်ကဆို အလိုကြောက်စိတ်တွေ မဖြစ်ခဲ့ ကြပါဘူး
ခေတ်ကလည်းမတိုးတက် လူတွေကလည်း အပူမရှာကြသလို ကိုယ့် ရှိတာလေးတွေနဲ့ 
ရိုးသားပွင့် လင်းစွာ ကူညီကြရင်း လုပ်ကိုင်လာခဲ့ ကြတာ အတော်ကို အေးချမ်းခဲ့ တဲ့ 
အချိန်တွေပါပဲ အခုတော့  ခေတ်ပညာတွေ တိုးတက်သလောက် လူတွေကလည်း တယောက်
ကိုတယောက် အယုံအကြည်တွေ ကင်းမဲ့ လာကြသလို တွေ့ ရတယ်
အရင်က ဆို အိမ်တအိမ်မှာ လူတိုင်းစိ အလုပ် မလုပ်ကြသလို ခဲရခဲဆစ်လည်း ရှာဖွေရတာ
မဟုတ်ပါဘူး အခုတော့ ခေတ်ပညာတွေကလည်း တိုးတက်တာတောင် လူတွေမှာ အလုပ်
မရှိတာနဲ့  အလုပ်ရှိသူတွေကြတော့ လည်း ဝင်ငွေနဲ့ ထွက်ငွေတွေက မမျှဒါကြောင့် လည်း
လူနေမှု့ အဆင့် တန်း မြင့် ဖို့ မပြောနဲ့ စားဖို့ ရာတောင် အနိုင်နိုင်ပဲ မဟုတ်လား
အဲလို မပြည့် စုံကြ အသိပညာဗဟုသုတတွေကလည်းနည်း ဆိုတော့  ပြည့် စုံကြွယ်ဝဖို့ 
ဆိုတာလည်း လွယ်မယ်မထင်ပါဘူး အခုခေတ်ကြီးက ချမ်းသာသူတွေပဲ ပိုပြီးချမ်းသာနေ
ကြတာပါ ချမ်းသာတဲ့ အိမ်တအိမ်မှာ လူ ငါးယောက်ရှိရင် ကားက ငါးစီး မက ရှိကြတယ်
သာမန်လူတွေ မရှိဆင်းရဲသားတွေကြတော့ လည်း ဆိုင်ကယ် မပြောနဲ့  စက်ဘီးလေးတောင်
တူတူတန်တန် မရှိကြသေးပါဘူး ကုန်ကုန်ပြောရရင် ဖိနပ်တရံ တောင် အပိုဝယ်မထား
နိုင်ကြတာလည်းတွေ့ ရတယ် အထင်သေးလို့ ပြောခြင်းမဟုတ်ပါဘူး တကယ်ကို မပြည့် စုံ
ကြတဲ့ သူတွေက တော်တော်များများရှိနေတာပါ
ချစ်သူစုံတွဲတွေ ဘဝတခုတည်ဆောက်ကြတယ် ပြေလည်သူရှိသလို မပြေလည်သူ
တွေလည်း အများကြီးပ့ါပဲ အခုခေတ်က ဘာမှမပြည့် စုံကြပဲ အချစ်တခုနဲ့ ဘဝတခုကို
တည်ဆောက်ဖို့ ဆိုတာ အတော်ကို စဉ်းစားရမယ် ထင်ပါတယ် အခုခေတ် ရတဲ့ ဝင်ငွေက
တယောက်စာတောင် မှန်မှန်မသုံးရဘူး ပြတ်တလှည့်  ပြတ်တလှည့် မို့ လား ဟိုအရင်က
လူတိုင်းလိုလို အပို ကုန်ငွေဆိုတာ မရှိကြပါဘူး ဒါကြောင့်လည်း မချမ်းသာကြပေမဲ့ မပူမပင်
စားသောက်နေထိုင်နိုင်ကြတယ်မို့ လား အခုတော့ ခေတ်ကြီးကတိုးတက်သလိုရှိတော့ လည်း
အပိုကုန်ငွေတွေကလည်း ကလေးကနေ လူကြီးတွေအထိ တန်းစီကုန်နေတော့  ရှာသမျှ
ရသမျှတွေက မလောက်မငှ ဖြစ်ကြရတော့တာလို့ ထင်ပါတယ် ဒါကြောင့်  ဘာကဘယ်လိုတွေ
ကုန်နေတာလည်းဆိုတာ စဉ်းစားဖို့ လိုလာပြီမို့ လား သိလာရင် ချက်ချင်းပြုပြင် ပြောင်းလဲ
ပြီး ဘဝတခုကို ပြည့် စုံ အေးချမ်းစွာ တည်ဆောက်ရင်း အသိပညာဗဟုသုတများ
ကြွယ်ဝကြပါစေ () နောက်မှ ဆက်မယ်နော်
komyoခရီးသွားအတွေးစာစု

No comments:
Post a Comment