ုkomyo ခရီးသွားအတွေးစာစု

Saturday, 20 January 2018

မှန်ကန်တဲ့ အတွေူးလေးတွေ ရှိစေဖို့ ---

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
   ကျနော်စာ မရေးတာလည်းကြာသွားပြီ အဲအတွက်တောင်းပန်ပါတယ် ဆက်ပြီးလည်း
အားပေးကြပါလို့ တောင်းဆိုပါတယ် ကျနော်က ဆရာကြီးတော့ မဟုတ်ပါဘူး ဒါပေမဲ့ 
ကျနော်စာလေးတွေက လူတယောက်အတွက် အကျိုးရှိသွားမယ်ဆိုရင် အရမ်းဝမ်းသာပါတယ်
တဒေါင့် တနေရာက နေကူညီရသလို ခံစားမိပါတယ် လူတိုင်းကိုလည်း စာများများ
ဖတ်စေချင်ပါတယ် စာများများဖတ်မှ အသိဥာဏ် ဗဟုသုတတွေ မှန်ကန်တဲ့ အတွေးခေါ်
လေးတွေ တွေးတက်လာမယ်လို့ ထင်ပါတယ် အသိဥာဏ် ဗဟုသုတ အတွေးအခေါ်တွေက
တခြားမှာ သွားပြီးသင်ယူနေစရာ မလိုပါဘူး ကိုယ်တိုင်ရှာဖွေ လေ့လာလို့ ရနေပါပြီ

လူတိုင်းနီးပါး ဖုန်းလေးတွေလည်း ကိုင်နိုင်ကြပြီ အင်တာနက်ဆိုတာကြီးကလည်း အလွယ်တကူ
အသုံးပြုလို့ ရနေပီ ဆိုတော့  ဘယ်မှမသွားပဲ အိမ်ကနေ ထိုင်ပီး ဗဟုသုတ မျိုးစုံ အကုန်
လေ့လာဖို့ ပဲလိုတာပါ တခုတော့ ရှိတာပေါ့ ဗျာ english စာမှ နားမလည်ပဲ ဘယ်လိုလေ့လာ
ရမှာလည်းလို့  ပြောမဲ့သူ အများကြီးပါ ကျနော်တို့ နိုင်ငံက အခုမှ ဖုန်းလေးတွေကိုင်ရတာဆိုတော့
နားလည်သူနဲ့နားမလည်သူ ဆိုရင် နားမလည်သူက အများကြီးရှိနေပါသေးတယ် ဒါကြောင့် လည်း
စာများများဖတ်ကြဖို့ တိုက်တွန်းတာပါ စာများများဖတ်ပြီး လေ့လာမယ်ဆိုရင် နားမလည်မှု့ တွေ
ကို တဖြည်းဖြည်းနဲ့ ကျော်ဖြတ်နိုင်မှာပါ  english စာမတက်ဘူးဆိုရင်တောင် abc--z လောက်
တော့ သိကြမှာပါ ဘာသာပြန်ဆော့ ဝဲတွေလည်းအများကြီးရှိနေပါပြီ ဘာမှ အားငယ်စရာမလိုပါဘူး
လေ့လာပြီး လုပ်ကြည့်ဖို့ပဲလိုတာပါ အချိန်မနှောင်းသေးပါဘူး
        ကျနော်အခုလိုတွေပြောရတာက တဖတ်သားကို အထင်သေးလို့ ပြောခြင်းမဟုတ်ပါဘူး
နေ့တိုင်းကြုံတွေ့နေရတာလေးတွေက စိတ်ထဲမှာလည်းမကောင်းဘူး ဘာဖြစ်လို့ လည်း
ဆိုတော့  လူတွေရဲ့စိတ်တွေက တနေ့ထက်တနေ့ တနှစ်ထက်တနှစ် မကောင်းမှု့တွေလုပ်ပြီး
ပျော်နေကြသလိုပါပဲ နေ့လည်နေခင်းမှာတောင် ပေါ်တင်လုယူထွက်ပြေးနေကြတာတွေ
ကြားနေရပီ ပြောပြနေရင်တော့ အများကြီးပါပဲ အဲလိုအောက်တန်းကျတဲ့ စိတ်တွေမွေးပြီး
လုပ်ကိုင် မစားချင်ကြတော့ဘူး လိမ်မယ် ညာမယ် ခိုးမယ် လုမယ် ဆိုတဲ့စိတ်တွေပဲတွေးနေ
ကြတာလားမသိ အိမ်မှာ လမ်းတွေမှာ ဘယ်နေရာကြည့် ကြည့် လူတွေကတော့ အများကြီးပဲ
ဒါပေမဲ့  ယုံကြည်မှု့ မရှိကြဘူး အလိုယုံကြည်မှု့ မရှိမှတော့ ဘယ်လိုလုပ်ပြီး အေးချမ်းနိုင်ပါ
တော့ မလည်း ခေတ်ကြီးကလည်း ဆုတ်ကပ်ခေတ်ကြီးထဲ ရောက်နေပြီ
         လိမ်မာယဉ်ကျေးအောင် မှန်ကန်တဲ့ အတွေးအခေါ်လေးတွေ တွေးတက်အောင် ဆိုတာ
ကိုယ်တိုင် လုပ်ယူမှ ရမှာပါ ကျနော် ဖတ်ဖူးတဲစာလေးထဲ က စကားကြီးသုံးခွန်းလေး ပြောပြ
ချင်ပါတယ် 1-အလျင်မလိုနဲ့ ဖြတ်လမ်းမလိုက်နဲ့  2-ကိုယ်နဲ့ မဆိုင်တဲ့ အရာကို ဝင်မပါပါနဲ့ 
3-ဒေါသဖြစ်နေချိန်မှာ ဘယ်အရာမှ ဆုံးဖြတ်ချက် မချပါနဲ့  တဲ့  သေချာတွေးကြည့်ရင်
အရမ်းတန်ဖိုးရှိပါတယ် စာဖတ်သူလည်း စဉ်းစားကြည့် ပေါ့ တွေးကြင်္ည့်ပေါ့
ဘာစာတွေပဲ ဖတ်ဖတ် အနဲ နဲ့အများတော့  အကျိုးရှိမှာပါ ဒါကြောင့် စာများများဖတ်ပြီး
ဗဟုသုတတွေကို လေ့လာကြပါလို့  တိုက်တွန်းပါတယ်

 komyo ခရီးသွားအတွေးစာစု

No comments:

Post a Comment