ုkomyo ခရီးသွားအတွေးစာစု

Thursday, 12 July 2018

အသိတရားနဲ့ စဉ်းစားတွေးခေါ်မှု့လေးတွေရှိရင်----

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
     စာဖတ်ဝါသနာ မိတ်ဆွေများအားလုံး မ၈င်္လာပါ စာမရေးဖြစ်တာကို နားလည်ပေးကြပါ
ကျနော်ရဲ့ မိသားစုစားဝတ်နေရေးအတွက် အချိန်တွေ အများကြီးပေးနေရလို့ ပါ စာတိုလေးတွေ
တခါတလေရေးဖြစ်ပေမဲ့  မတင်ဖြစ်တာပါ အားလုံးကိုတောင်းပန်ပါတယ် သိလို့ တက်လို့ ရေးတာ
မဟုတ်ပေမဲ့ လူတွေထဲကလူတွေအကြောင်းကို အတွေးစာစုအဖြစ်ရေးဖြစ်တာပါ ဘယ်သူ့ကိုမှလည်း
ရည်ရွယ်ပြီးရေးတာမဟုတ်ပါဘူး တိုက်ဆိုင်မှု့ ရှိရင်နားလည်ပေးကြပါ

        လူတွေပြောနေကြတာ ခေတ်ကြီးကမကောင်းတော့ ဘူးတဲ့  တကယ်တော့ ခေတ်က
မကောင်းတာမဟုတ်ပါဘူး လူတွေရဲ့ စိတ်ဓာတ်တွေ အသိတရားတွေက မကောင်းကြတာပါ
အသိတရားတွေ စဉ်းစားတွေခေါ်မှု့ တွေ အရမ်းကိုအားနည်းနေကြတာ လူတိုင်းနည်းပါးပါပဲ
ကြားရ သိရမြင်ရတွေ့ ရတဲ့ သတင်းတွေကလည်း အရမ်းကိုကြောက်ဖို့ ကောင်းတယ်
ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ် ဆိုတာလည်း ဘယ်လိုပြောရမှန်းကိုမသိတော့ ဘူး
ဘာဖြစ်လို့ လည်းဆိုတော့  လူတချို့ မှာက စဉ်းစားတွေးခေါ်မှု့ အသိဥာဏ်က လုံးဝမရှိကြဘူး
ငါလုပ်တာမှန်တယ် ငါပြောတာမှန်တယ် ပဲ တွေးကြတာ အဝေးကြီးရှာကြည့် စရာမလိုပါဘူး
ကိုယ်အနီးနားက လူတွေရဲ့ စိတ်ဓာတ် တွေးခေါ်စဉ်းစားမှု့  သူတို့ တွေရဲ့ လုပ်ရပ်တွေကို
လေ့ လာကြည့် ရင် သိနိုင်ပါတယ် ကိုယ်ထက်သာ မနာလိုသူတွေကလည်း ပေါမှပေါ
အတူနေ အတူစား အတူသွားနေကြတဲ့  မိတ်ဆွေတွေလည်း ကိုယ်ထက်သာ မနာလိုတဲ့ စိတ်တွေ
ကြောင့်  ကွဲကြပြတ်ကြ စကားများရန်ဖြစ်ကြနဲ့ တွေ့ နေရတယ် ဘာပြသနာမှ မရှိပဲနဲ့ ကို
မနာလိုတဲ့ စိတ်တွေ ကြောင့်  ပြသနာမျိုးစုံ ဖြစ်နေကြရတာ သူများထက်သာချင်ရင် သူများထက်
သာအောင်လုပ်ပေါ့  မဟုတ်ဘူးလား အခုဟာက ကိုယ်တိုင်လည်း မလုပ်နိုင် သူများလုပ်တော့ 
လည်းမကြိုက် လူတယောက်က ဈေးရောင်းနေတယ် နောက်လူကဈေးထရောင်းတယ်
မကြိုက်ကြဘူး မကူညီချင်ကြဘူး မျက်စောင်းတထိုးထိုးနဲ့ စူပုတ်နေတာ ဘာဆိုင်လို့ လည်းဗျာ
ဘယ်သူရောင်းရောင်း ဘယ်နှစ်ဦးရောင်းရောင်း ရောင်းကြစမ်းပါ ကိုယ်ရောင်းတဲ့ အခါ စေတနာ
ပါ ပါနဲ့ ရောင်းမယ် သူထက်သာအောင်ရောင်းမယ် ဘယ်လိုကောင်းအောင်းလုပ်ပြီးရောင်းမယ်
ဆိုတာမတွေးပဲ နဲ့  မနာလိုစိတ်တွေနဲ့  ပျော်ရွှင်မှု့ ကမရှိ မျက်နှာထားတင်းတင်းကြီးနဲ့ ရောင်း
နေမှတော့ ဘယ်သူကလာဝယ်ပါ့ မလည်း စေတနာမပါ တော့  စေတနာကလည်း
အကျိုးမပေးတော့ ဘူးပေါ့  ဒီအဖြစ်အပျက်တွေကလည်း နေရာတိုင်းမှာ မြင်တွေ့ နေရတာပါ
အဓိက ကဘာလည်းဆိုတော့  လူတွေရဲ့  စဉ်းစားတွေးခေါ်မှု့ အသိတ၇ားတွေ ခေါင်းပါးနေကြ
တော့  ဘယ်အရာမှ အဆင်ပြေကြမှာမဟုတ်တော့ ဘူး နောက်နောင်ဆိုရင် ဒီထက် ပိုဆိုးဖီု့ ပဲရှိတယ်
           နောက်တခုက လိမ်ညာပြီးတောင်းစားနေကြတာလည်း ပညာရှိသူရောပညာမဲ့ သူရော
ပါပဲ အမျိုးမျိုးကို လိမ်ညာစားနေကြတာ ကျနော်တို့ နိုင်ငံမှ မဟုတ်ပါဘူး တခြားနိုင်ငံကြီးတွေ
ကလည်းတွေ့ နေရတယ် အဲဒီမှာ လောဘမထိန်းနိုင်တဲ့ သူတွေကတော့  အလိမ်အညာနဲ့ 
တွေ့ ရတာပါပဲ လိမ်တဲ့ သူတွေကတော့  ယုံအောင် ပြောပြီး အမျီုးမျိုးလိမ်မှာပဲ 
အလိမ်အညာတွေ ဘေးမှကင်းဝေးအောင် စဉ်စားတွေးခေါ်ပြီးမှ ယုံကြပါ
သူများကောင်းကောင်း မကောင်းကောင်း ကိုယ်ကတော့ ကောင်းအောင်နေထိုင်သွားဖို့ 
အရေးကြီးဆုံးပါပဲ ။

komyo ခရီးသွားအတွေးစာစု

No comments:

Post a Comment