ကိုယ်နားလည်းသိသလောက်ပညာလေးတွေ ဗဟုသုတလေးတွေ လိုချင်တဲ့သူတွေကို ပေးရတာ
အင်မတန်မှ ကြည်နူးဖို့ကောင်းတယ်ဆိုတာ လက်ခံလား ကျနော်ကတော့ လက်ခံတယ် ဒါလည်း ပေးလှူ ခြင်း
ကလေးတယောက်ဆီကလည်း ကိုယ်မသိတဲ့အရာတခုတော့ ရှိချင်ရှိမှာပဲလေ ငါသိငါတက်ငါတော်လှPလို့
ဘယ်ဆရာကြီးတွေမှ မပြောဘူး ပညာဆိုတာ အဆုံးအစမရှိတဲ့ ပင်လယ်ကြီးလိုပါပဲ ဆရာကြီးတွေ ကိုယ်
တိုင်ကတောင် ဆက်ပီးလေ့လာနေကြဆဲ ရှာဖွေနေကြဆဲပါပဲ ငါဒီလောက်တက်နေပီပဲ ဆိုပီး ရပ်တန့်မသွား
ပါဘူး ဒါကြောင့် အခုမှစပီးလော့သူ နည်းနည်းလော့ထားသူများ ဘယ်တော့မှ မရပ်တန့်ပဲ ဆက်ပီး
ကြိုးစားဖိုလို့မယ်ထင်ပါတယ် ဘယ်အရာမဆို အကျိုးရှိအောင် အသုံးချတက်မယ်ဆိုရင် အချိန်ကုန် ငွေကုန်
တာတွေ သက်သာလာမှာပါ ကျနော် အရင်စာထဲမှာပြောခဲ့သလိုပေါ့ facebook ကို like အများကြီး
လိုချင်တာ ဘာအတွက်လည်း စဉ်းစားမိလားတော့မသိဘူး ကိုယ်လိုချင်တဲ့ like နဲ့ သူများတွေ လိုချင်တဲ့
like လိုချင်ပုံခြင်းတူမလားလို့ တချို့တွေ့ like လိုချင်တာက သူ့တို့စီးပွားရေးအတွက် ကိုယ်လိုသာမန်လူ
တွေ အတွက်က တော့ ပျော်ရုံကလည်းလွဲပီး ဘာဖြစ်လာမှာလည်း ဘေကုန်ခံပီး ကိုယ့်ပုံကို အမျိုး၂တင်
ခင်ရင် hi နော်ဆို လို့ရှိရင် likeနဲ့ comment ကနည်းသေးတယ် ရုပ်လေးကလည်းလှ ဝတ်ထားတာလည်း
မိုက်တယ် ချစ်သေးရဲ့လား ဆိုလို့ရှိရင်တော့ အားပါးပါး like လိုက်ကြ မန့်လိုက်ကြ တနေ့တမျိုးမရိုးဘူး
အဲတော့ ပြောချင်တာက နောက်ဆုံးတော့ ဘာတွေဖြစ်လာမလဲ တွေးမိလား အွန်လိုင်းပေါ်မှာဆိုတာ
ကောင်းသူရော မကောင်းသူတွေရော ရှိတယ်လေ အမြင်ကတ်တဲ့သူကတော့ နားရှက်စရာဖြစ်အောင်
ပြော နောက်တော့မခံနိုင်ကြတော့ ရန်တွေဖြစ်ကြရော အဲတော့ like က ဘာလုပ်မှာလည်း
ကိုယ်တိုင်က facebook ဆိုတာကို ဃဂနဏ မသိပဲနဲ့ သူများ like တိုင်း like ချင်ကြရင်တော့ဖြင့်
မတွေးဝံ့စရာပါပဲ ပြောချင်တာကတော့ အေးအေးဆေးဆေးနဲ့ ပညာဗဟုသုတတွေ တိုးပွားအောင်
လုပ်ကြည့်စမ်းပါ သိလာတဲ့တနေ့ ဒါတွေလျော့လာမှာပါ facebook ကို လုံးဝမသုံးဖို့ပြောတာမဟုတ်ဘူးနော်
facebook ဆိုတဲ့ အကြောင်း ဘာအတွက်အသုံးချသင့်လည်း အပျော်အတွက်ဆိုရင်တော့ အချိန်လေးလျော့ပီး
တခြားအကြောင်းအရာလေးတွေ ကို ရှာဖွေပီး အချိန်နဲ့ ငွေကို အကျိုးရှိအောင် အသုံးချစေချင်တာပါ
ချစ်မိတ်ဆွေတို့ လကုန်တာနဲ့ ကိုယ်သုံးခဲ့တဲ့ ဘေတွေ ဘယ်လောက်ကုန်သွားလည်းတွက်ကြည့်မိလား
ကုန်သွားတဲ့ ဘေတွေက ကိုယ့်အတွက် ဘယ်လောက်အကျိုးပြု့ခဲ့လည်း စဉ်းစားမိလား
ဖုန်းတနေ့ဆက် တာ ဒါမှမဟုတ် တလအတွင်း ဆက်တာ နဲ့ ဘယ်လောက်ကုန်မလည်း စဉ်းစားမိလား
အင်တာနက် ကြီးက ဝါးစားနေတာ ကော ကိုယ့်ကို အကျိုးပြုရဲ့လား ::::::::::
အခုကစပီး အချိန်နဲ့ငွေကို အကျိုးရှိအောင် သုံးတက်ကြပါစေ :::::
bloggerခရီးသွားအတွေးစာစုက မည်သူ့ကိုမျှ မရည်ရွယ်ပါဘူး
bloggerခရီးသွားအတွေးစာစုရဲ့ အတွေးကမ္ဘာထဲက အတွေးတွေပါ
တိုက်ဆိုင်မှု့ရှိရင် နားလည်ပေးကြပါလို့ ::::::
blogger ခရီးသွားအတွေးစာစု

No comments:
Post a Comment