ချစ်မိတ်ဆွေတွေ အွန်လိုင်းကမ္ဘာကြီးမှာ အဆင်ပြေစွာ လျှောက်လှမ်းနိုင်ကြပါစေ
ခုခေတ်လူငယ်တွေဟာ အရမ်းကိုကံကောင်းတယ် ပြောရမှာပဲ ဘာဖြစ်လို့လဲဆို ဖုန်းတွေ ကွန်ပြူတာတွေနဲ့
ကမ္ဘာကြီးအကြောင်းကို ကိုယ်တိုင်လေ့လာခွင့်တွေ ရကြပြီလေ ဟိုအရင်ကဆို TV လေးကြည့်ဖို့ အရေး
တဖြည်းဖြည်းနဲ့ နည်းပညာတွေ တိုးတက်လာခံတယ် ဒီအခွင့်ရေးကို နားလည်တဲ့သူတွေအဖို့ အခက်အခဲ
မရှိယူတက်တော့ အကျိုးရှိပေမဲ့ မသိနားမလည်ရောင်ချာချာဖြစ် ငွေကြေးကမပြည့်စုံ တဲ့ ကျနော်တို့လို
လူတွေလည်း ဒုနဲ့ဒေးပါပဲ အားငယ်စရာတော့ မလိုပါဘူး ကိုယ်တက်နိုင်တဲ့ အရာလေးကနေ လေ့လာခွင့်
တွေသင်ယူခွင့်တွေ အများကြီးရှိပါတယ် မပျင်းဖို့နဲ့ လိုချင်စိတ်ကလေး ရှိဖို့အရေးကြီးတာပါ ပြီးတော့
နည်းစနစ်ကျဖို့လည်းလိုတယ် တက်ချင်သိချင်တာများပီး လောဘတကြီးမလုပ်ပါနဲ့ ကိုယ်သိချင်တက်ချင်တဲ့
အကြောင်းလေးတခုကို တစိုက်မတ်မတ်လုပ်ပါ ငါဘယ်ကစပီး ဘာကိုအရင်လေ့လာ မလဲဆိုတာ သေချာ
အောင်စဉ်းစားပါ ဘာပီးရင်ဘာလုပ်မယ်ဆိုတဲ့ plan လေးချထားပေါ့ ဒါလည်းတကယ်လုပ်မှ အဟုတ်ဖြစ်
မှာပါ ဒီဟာလိုလိုဟိုဟာလိုလို တော့ မဖြစ်ဖို့အရေးကြီးပါတယ်
လူတော်တော်များများ facebook သုံးနေကြတာ ကောင်းကောင်းနားလည်သူရှိသလို နားမလည်တဲ့သူ
တွေလည်းရှိနေပါသေးတယ် fb သုံးနည်းအဆင့်ဆင့်တွေ နားမလည်သူတွေက အများကြီးပါ တချို့ဆိုရင်
fb သုံးတာကို အဟုတ်ကြီးထင်နေကြတယ် fb အကောင့်ကိုတောင်ကိုယ်တိုင်မဖွင်နိုင်သေး ဖွင့်န်ုင်တယ်
ထားအုံး fb ရဲ့ အသုံးပြုပုံတွေ အဆင့်ဆင့်ကို နားမလည်ကြသေးဘူး fb ကို ဘာအတွက် သုံးချင်တာလည်း
များသောအားဖြင့်တော့ သူများတွေ fb လို့ လိုက်ပီး fb ကြတယ်ထင်ပါတယ် အပစ်ပြောတာ ဟုတ်ဘူးနော်
စနစ်တကျလေး အသုံးပြုစေချင်တဲ့ သဘောပြောတာပါ fbမှာ အချိန်အများကြီးသုံးနေမဲ့အစား တခြား
အကြောင်းအရာလေးတွေ လေ့လာရင်မကောင်းဘူးလား ခုကအလိုဟုတ်ဘူဂျ fbလေးရိုးသွား P ဆိုရင်
Line တို့ Betalk တို့ဘက်ကို့ လှည့်လိုက်ကြပြန်ရော ဒါလည်း စူးစမ်းချင်ကြတာကိုဗျ ဦးတည်ချက်က
ဘာမှန်းမသိကြဘူးလေ အခုအချိန်ကစပီး သူများတွေထက် သိချင်တက်ချင်တယ်ဆိုရင်တော့
ပြောင်းလဲချိန်တန်ပြီ ပြောင်းလဲသင့်ပီလို့ပဲ အကြံပေးချင်ပါတယ်:::::
bloggerခရီးသွားအတွေးစာစု လေးကနေ အတွေးလေးတွေကို အတွေးစာအဖြစ်ရေခဲ့တာပါ
မည်သူကိုမှ အပစ်ပြောခြင်း ရည်ရွယ်ခြင်းမဟုတ်ပါ
No comments:
Post a Comment