"မင်္ဂလာပါ ချစ်မိတ်ဆွေ
အလိမ်အကောက်တွေ ပေါများသလို အမှန်အကန်တွေလည်း ပေါများလှတဲ့ အွန်လိုင်းကမ္ဘာထဲမှာ
ရည်ရွယ်ချက်ရှိရှိ အကျိုးရှိရှိအသုံးချတက်ဖို့ အရမ်းအရေးကြီးပါတယ် အသေးအမွှားလေးပါကွာဆိုပီး
တော့လည်းမပေါ့ဆပါနဲ့ ဘာမှမဖြစ်လောက်ပါဘူးကွာလို့လဲ မထင်ပါနဲ့ ဘယ်အရာမဆို တန်ဖိုးထားတက်
တက်ရင်အကောင်းဆုံးပေါ့ ဥပမာ အခုကျနော်တို့ ဘေ 3 ထောင်ဖိုးဝယ်ထည့်တယ် ဒေါင်းလော့ဆွဲတယ်
ဟိုဟာကြည့်ဒီဟာကြည့်နဲ့ မိနစ်ပိုင်းနာရီပိုင်းအတွင်း ကုန်သွားတယ်ဆိုပါဆို့ ဒါမှမဟုတ်တနေ့ထဲ ကုန်တယ်
ထားပါတော့ ကိုယ်ရဲ့လုပ်အားခက တနေ့ ဘယ်လောက်ဝင်လည်း ပီးတော့ ကွမ်းဖိုး ဆေးဖိုး လက္ဘရည်လေး
ကပါလိုက်သေး တနေ့ ၅ ထောင်ကနေ ၇ထောင်ထိ ဝင်ငွေရှိအုံး ဒီဖုန်းလေးတလုံးရဲ့ထွက်ငွေ နဲ့ ကိုယ့်ရဲ့
လိုလာခရီးကို အချိန်မှီရောက်အောင်ပို့ပေးတဲ့ စီးတော်ကြီးရဲ့ ကုန်ကျစရိတ် ကိုယ့်ရဲ့ မနက်စာအဖြစ်စားသုံး
တက်ကြတဲ့ ကုန်ကျစရိတ် ဒါတွေတွက်ကြည့်ရင် ဘယ်လိုလုပ် စီးပွားဖြစ်နိုင်ပါတော့မလဲ
အဲဒါတွေကို မလေ့လာပဲ ပိုက်ဆံထုတ်ရက်လေးမျှော် ပေးရမဲ့အကြွေးတွေက ရှိသေးတော့ မပျော်
ဟိုလိုပြောလိုက် ဒီလိုလုပ်လိုက်နဲ့ နောက်တပတ်ထပ်ရောက် အကြွေးကမကြေ ထပ်ပီးစိတ်ညစ်ရပြန်
ဒီလို ပဲ သံသရာလည်နေသ၍ ပြည့်စုံကြွယ်ဝမှု့ဆိုတာ ရှိလာမှာမဟုတ်ဘူး ဒါကြောင့် သေသေချာချာ
စဉ်းစားစေချင်ပါတယ် အခုခေတ်ကဝင်ငွေထက် ထွက်ငွေကပိုများနေတာ သတိရှိစေချင်ပါတယ်
ဟိုခေတ်က တယောက်လုပ်စာကို တအိမ်လုံးထိုင်စားရတယ်မပြောနဲ့လေ အလကားကုန်ငွေရယ်လို့
မှမရှိပဲကိုး ဖုန်းလည်းလူတိုင်မကိုင်နိုင်သလို ဆိုင်ကယ်/ကား လည်းလူတိုင်းမှ မစီးနိုင်ကြပဲ
အခုခေတ်က အိမ်တအိမ်မှာ ငါးယောက်ရှိရင် ဖုန်းငါးလုံးရှိတယ်လေ ဆိုယ်ကယ်တွေ/ကားတွေ
နောက် မီတာကြေးကရှိသေး ဒါတွေက မဖြစ်မနေကုန်ကြရတာဆိုတော့ ဘယ်လိုလုပ်ပီးတယောက်လုပ်စာ
ကစားလောက်တော့မှာလည်း တွေးကြည့်ကြပါ မိတ်ဆွေတို့ရယ် ဒါကြောင့် အသုံးနဲ့အဖြုန်းကို သိအောင်
လွယ်လွယ်လေးမတွေးကြပါနဲ့ လျော့သင့်တာကိုလျော့ပီး တိုးပွားသည်ထက်တိုးပွားအောင် စဉ်းစားချင့်ချိန်
ကြစေချင်ပါတယ် တကယ်တော့ ငွေမရှိလည်း မငတ်ပါဘူး စားနိုင်သောက်နိုင်ပါတယ် ဒါပေမဲ့ ကိုယ်ပိုင်
လုပ်ငန်းမလုပ်နိုင်သေးသ၍ ဘယ်တော့မှ မချမ်းသာပါဘူး တဲ့ ကျနော်ဆရာတယောက်ပြောဘူးတယ်
ဟုတ်ပါတယ် ငွေရင်း ရင်ငွေကျန်သလို လူရင်း မှတော့ လူပဲကျန်တော့မှာပေါ့နော:::
bloggerခရီးသွားအတွေးစာစု ရဲ့အတွေးထဲကအတွေးလေးတွေမို့
လိုအပ်ချက်ရှိပါက ဖြည့်စွပ်ပီး ဖတ်ပေးကြပါလို့ တောင်းဆိုပါတယ်
bloggerခရီးသွားအတွေးစာစု

No comments:
Post a Comment